မကြည့်ပါနဲ့ အရင်လို မျက်ဝန်းစိမ်းစိမ်းတွေကို
ငါ ရင်မဆိုင်ရဲတော့လို့ပါ
မင်းမုန်းတယ်ဆိုတာကိုလည်း ငါသိပါတယ်
ဒါပေမယ့် နှုတ်ဆိတ်နေပေးပါ
မင်းဆီက မုန်းတယ်ဆိုတာကို မကြားဝံ့လို့ပေါ့
ရင်မဆိုင်ချင်လို့ ထွက်သွားခဲ့တာမဟုတ်ပါဘူး
မင်းစိတ်ညစ်မှာဆိုးလို့ ရှောင်ဖယ်ပေးခဲ့သူပါ
လွမ်းဆွတ်မှုတွေ . . . ကြေကွဲစရာတွေ . . ရင်နာစ၇ာတွေကို
ရင်မှာထွေးပိုက်ရင်း မင်းပျော်ဖို့ကို လမ်းညွှန်ပေးခဲ့ရသူမို့
ဒီဘ၀ကို ဒီမျှနဲ့သာ ကျေနပ်ပါတော့လာ
နောင်ဘ၀မှာသာ အခွင့်ကြုံခဲ့ရင်
ကောင်လေး . . .
ငါ နင့် ချစ်တဲ့သူ ဖြစ်ပရစေဟာ . . .
@ Annonymous

No comments:
Post a Comment