တောင်မြောက်တန်းပြေး
မိန်းလမ်းဘေးမှာ
ဆူးကြိုးဝန်းရံ အချုပ်ပုံစံနဲ့ 
လိုက်လျောက်ကိုက်ညီ GTC
ကျောင်းရှေ့ ဂိတ်ဝင်
ပိတ်လုပိတ်ခင် ငါပြေးဝင်သော်
ပြုံး၍ဆီးကြို ထိုဂိတ်အိုက
စာအုပ်ကမ်းပေး လက်မှတ်ရေးပါတဲ့
သည်စနစ်အမှန်
ဝင်ပြန်လျင်ပြန်မထွက်ရတာမို့ 
မကြည်မသာ အချိန်မရှိပါလည်း
ထိုင်လျှက်သာစောင့်ရပါသည် ဆယ့်တစ်နာရီ
ဇရပ်မပီ ကျောင်းမမှီတဲ့
ရေနံချေးသုတ် အခန်းစုတ်မှာ
ဝင်ကာစာသင် ငါတို့ အသွင်က နတ်ပြာပေါ်တွင် အဖြူဆင်လို့ 
မထင်ရက်စရာလိုက်ဖက်ပါ့ကွာ
စုတ်ပြတ်ပျက်ယွင်း
ကျောင်းအတွင်းမှာ
လူပျင်းမပါ လူတော်များစွာ
ကြိုးစားလို့ သာ ဆိုးဝါးခဲ့တာ
သူတို့ ကံကြမ္မာ မငဲ့မညာ
ချမှတ်ခဲ့တာ ထောင်ငါးနှစ်ပါ
@ညွန့် ဌေး
မိန်းလမ်းဘေးမှာ
ဆူးကြိုးဝန်းရံ အချုပ်ပုံစံနဲ့ 
လိုက်လျောက်ကိုက်ညီ GTC
ကျောင်းရှေ့ ဂိတ်ဝင်
ပိတ်လုပိတ်ခင် ငါပြေးဝင်သော်
ပြုံး၍ဆီးကြို ထိုဂိတ်အိုက
စာအုပ်ကမ်းပေး လက်မှတ်ရေးပါတဲ့
သည်စနစ်အမှန်
ဝင်ပြန်လျင်ပြန်မထွက်ရတာမို့ 
မကြည်မသာ အချိန်မရှိပါလည်း
ထိုင်လျှက်သာစောင့်ရပါသည် ဆယ့်တစ်နာရီ
ဇရပ်မပီ ကျောင်းမမှီတဲ့
ရေနံချေးသုတ် အခန်းစုတ်မှာ
ဝင်ကာစာသင် ငါတို့ အသွင်က နတ်ပြာပေါ်တွင် အဖြူဆင်လို့ 
မထင်ရက်စရာလိုက်ဖက်ပါ့ကွာ
စုတ်ပြတ်ပျက်ယွင်း
ကျောင်းအတွင်းမှာ
လူပျင်းမပါ လူတော်များစွာ
ကြိုးစားလို့ သာ ဆိုးဝါးခဲ့တာ
သူတို့ ကံကြမ္မာ မငဲ့မညာ
ချမှတ်ခဲ့တာ ထောင်ငါးနှစ်ပါ
@ညွန့် ဌေး
No comments:
Post a Comment