မင်းသောက်တက်တဲ့
ဘီယာတစ်ခွက်လို
အမှုးပြေသွားရင် မသိတော့သလိုမျိုး
မင်းရှိုက်တဲ့
စီးကရက်တစ်လိပ်လို
ခြွေချခံရတဲ့ပြာမှုန်လေးတွေမျိုး
မင်းဝါးထွေးမဲ့
ကွမ်းသွေးတစ်စက်လို
လမ်းဘေးတစ်နေရာ
စွန်းထင်ကျန်ရစ်မဲ့ အဖြစ်မျိုးလိုပေါ့
အစကတည်းက
သိနှင့်နေပါတယ်......ရင်ထဲမှာမရှိမှန်း
အဖြစ်အပျက်အားလုံး အတွက်
ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ရင်
မင်းကတော့ ပုံပြောသူပါ
ကိုယ်ကတော့
ပုံပြင်ထဲက မင်းသမီး မဟုတ်ခဲ့ရပါဘူး
ကျေနပ်နေပါတယ်လေ
ဒါပေမယ့်....ချစ်သူ
ကိုယ့်ရင်ထဲက
အဖြူရောင်ချစ်ခြင်းတွေ တွက်တော့
မင်းရဲ့ နှလုံးသား တစ်နေရာ
အသိမှတ်ပြု လက်ခံပေးပါ
@ ဆောင်းသခင် (Electrical)
No comments:
Post a Comment