အို...........ကျောင်းတော်ကြီး
Engineer ဆိုတဲ့ရည်မှန်းချက်တွေနဲ့ 
နေသာတဲ့နေ့ တစ်နေ့ မှာ စတွေ့ ခဲ့တယ်
ခရေပန်းရနံ့ လေးတွေ မွှေးပျံ့ စွာနဲ့ 
နွေးထွေးစွာ ကြိုဆိုခဲ့တယ်နော်...
အို.............ကျောင်းတော်ကြီး
စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာရှေ့ ထား
မြတ်ဆရာ၊ဆရာမတွေနဲ့  တွေ့ ဆုံခွင့်
ပျော်ရွင်စွာ စာသင်ကြားခွင့် ပေးခဲ့တယ်နော်...
အို...........ကျောင်းတော်ကြီး
သာယာတဲ့ဒီဇင်ဘာနံနက်ခင်းမှာ
ဖြူဖွေးတဲ့နှင်းမှုန်လေးတွေ ကျနေချိန်ပေါ့
ချစ်ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ 
ခင်မင်ခွင့် နှစ်စဉ်ပေးခဲ့တယ်နော်..
အို.........ကျောင်းတော်ကြီး
ပူလောင်တဲ့ နွေရာသီနေ့ ရက်တွေမှာ
ဥသြကလေးတွေ ငိုနေချိန်မှာပေါ့
သနားစရာကောင်းတဲ့ သူငယ်ချင်းတွေကို
AGTI ပေးပြီး နှင်ပစ်ခဲ့တယ်နော်...
အို.......ကျောင်းတော်ကြီး
စိမ်းလန်းတဲ့ မြတ်ခင်းတွေနဲ့ 
ညိုမှိုင်းတဲ့ တောင်တန်းပြာ်တွေကြားမှာ
အရောင်းတွေပြောင်းနေရာက နန့် ကွေ့ ချောင်းမှာ
သူငယ်ချင်းဟောင်းတွေကို ပြောင်းပစ်ခဲ့တယ်နော်...
အို.........ကျောင်းတော်ကြီး
ပျော်စရာကောင်းတဲ့ May ကျောင်းရက်မှာ
သူငယ်ချင်းတွေနဲ့  တတွဲတွဲပေါ့
ခွဲခွါသွားရတဲ့ သူငယ်ချင်းတွေကို
ပက်ပက်စက်စက် လွမ်းခွင့်ပေးခဲ့တယ်နော်.....
အို......ကျောင်းတော်ကြီး
တိမ်တိုက်တွေညိုတဲ့ မိုးရာသီနေ့ ရက်တွေမှာ
မိုးဖွဲကလေးတွေ ရွာနေချိန်ပေါ့
B-Tech ပန်းကုံးတွေပေးပြီး သူငယ်ချင်းတွေကို
လက်ဆွဲနှုတ်ဆက်ရင်မှာ ၀ှက်ခိုင်းနေပြီနော်.....
အို......ကျောင်းတော်ကြီး
ရာသီတွေပြောင်း နေ့ ရက်တွေဟောင်းလို့ 
မေတ္တာတွေ ခိုင်မြဲနေချိန်မှာပေါ့
BE ဆိုတဲ့ အထုပ်ကိုပိုး အချင်းချင်းရှိုးလို့ 
တစ်ဆို့ တဲ့ ရင်နဲ့ ဒိုးခိုင်းနေပြီနော်....
အို.......ကျောင်းတော်ကြီး
ကြိုးစားခဲ့တဲ့ ရည်မှန်းချက်နဲ့ 
Engineer ဘ၀အသက်ဆက်ဖို့ ပေါ့
ရေးခဲ့တဲ့ သမိုင်းအတွက် ပျော်ခဲ့တဲ့ရက်တွေကို
တမ်းတရင်းနဲ့  လွမ်းနေရတော့မှာပေါ့..... ။ ။
@ဇေယျ (ဆားမှော်)
No comments:
Post a Comment