Wednesday, September 18, 2013

မုန်တိုင်းထဲက ဘဝ

မှုန်ရီေ၀၀ါး ရည်မှန်းချက်များ

လွင့်စင်ပျောက်ကွယ် ခဏတွင်းဝယ်

ကြမ္မာဂြိုလ်ဆိုး မခေါ်ဘဲလဲ

ဧည့်သည်အလား တည့်တည့်ဝင်တိုး

ငါ့စိတ်ဓာတ်များ ခြောက်ခြားတုန်လှုပ်

ဘုန်းဘုန်းကျလျှက် သက်ပြင်းရှည်များ

ရှူးရှူးရှဲရှဲ မှုတ်ကာထုတ်ရင်း

ဘ၀ဆိုသည့် လူ့ ဘ၀၀ယ်

ရှင်သန်သက်သက် ပြန်လည်အားတင်း

ယောင်္ကျားမာန လွင့်ကာထူလျှက်

ပန်းတိုင်ဆိုသည့် ရည်မှန်းချက်ဆီ

မဆုတ်မနစ် ကြိုးစားလျှောက်လှမ်း

ရွှေရောင်အိမ်မက် တစ်နေ့ ခါဝယ်

ပိုင်ဆိုင်ရမည် သံဓိဌာန်ချ

ကျေနပ်အားရ ပီတိဖြစ်ရင်း

ဆက်ကာလျှောက်လှမ်းတော့မည်

@ Ever.S.Kyi.B

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...