Wednesday, September 18, 2013

နောင်တ

ပန်းတစ်ပွင့်
နမ်းခွင့်ရယ်ကြုံလာတော့လည်း
မ၀ံ့မရဲ ရင်ထဲ...

အခြားသူ
လှမ်းယူကာ ဆွတ်တော့မှ
တမှိုင်မှိုင်တွေ
ငါ့အသဲတွေ ကြွေရပေါ့...

ဝေဒနာ
ဒဏ်ရာတွေ အစိတ်စိတ်
တိတ်တဆိတ်ကြေကွဲ
ငါ့တစ်ယောက်တည်း

အခုတော့
ခေါင်းမော့ကြည့်ခွင့် တခဏနဲ့ 
ပြန်မရနိုင်တော့တဲ့ ပန်းကလေး
ငါ့တဘ၀စာ အလှမ်းဝေးပြီ ။

@ လူငယ်

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...