Wednesday, September 18, 2013

အကယ်၇်ျမင်း....

-- အကယ်ရွေ့ မင်းမလုပ်နိုင်တဲ့ အရာဆိုရင် ကတိမပေးပါနဲ့
မင်းအပေါ်မှာ ယုံကြည်မှု မမဲ့သွားစေချင်ဘူး

--- အကယ်ရွေ့ မင်းမလာနိုင်ဘူးဆိုရင် ငြင်းလိုက်ပါ
စောင့်နေရတဲ့ လူဘက်ကိုတွေးပေးပါ

--- အကယ်ရွေ့ မင်းမပြောနိုင်တဲ့အရာဆိုရင် အစမဖော်ပါနဲ့
သူ့စိတ်ထဲမှာ အဖုထစ်လေးတွေ ဖြစ်သွားနိုင်တယ်

 --- အကယ်ရွေ့ မင်းငါ့ကိုစိတ်ဆိုးနေတယ်ဆိုရင်
မင်းကို ဘယ်သူခွင့်လွတ်ပေးနိုင်ခဲ့လဲဆို တာကို ပြန်သတိရပါ

 --- အကယ်ရွေ့ မင်းငါ့ကိုလွမ်းနေတယ်ဆိုရင် ငါ့ဆီကို လာခဲ့ပါ
 ငါလဲမင်းကို လွမ်းနေလို့ပါ

 --- အကယ်ရွေ့ မင်းမာနကခွင့်မပြုဘူးဆိုရင် ဖုန်းတော့ဆက်လိုက်ပါ
မင်းအတွက် မာနတွေမထားတဲ့ ငါကလာမှာပေါ့

--- အကယ်ရွေ့ မင်းသူ့ကိုပိုလှတယ်လို့ ထင်ရင်
မင်းကို ဘယ်သူပိုချစ်နိုင်လဲ ဆိုတာ စဉ်းစားပါ

--- အကယ်ရွေ့ သူကမင်းကို ပိုချစ်နိုင်တယ်လို့ ထင်ရင်
မင်းကို ဘယ်သူဂရုအစိုက်ဆုံးလဲဆိုတာ တွေးကြည့်ပါ

--- အကယ်ရွေ့ သူကမင်းကို ပိုဂရုစိုက်တယ်လို့ ထင်ခဲ့ရင်
မင်းကို ဘယ်သူက နားလည်မှုအပေးနိုင်ဆုံးလဲဆိုတာကို ဆင်ခြင်ပါ

--- အကယ်ရွေ့ မင်းကိုသူကပိုနားလည်နိုင်တယ်လို့  ထင်ရင်
မင်းကို ဘယ်သူကအပေးဆပ်နိုင်ဆုံးလဲ ဆိုတာကို မြင်ကြည့်ပါ

--- အကယ်ရွေ့ မင်း မောပန်းနေပြီဆိုရင်
 ငါ့ပခုံးက မင်းအမောဖြေဖို့ အတွက်ပါ

--- အကယ်ရွေ့ မင်း ဆုံးရှုံးမှုအတွက် ငိုကြွေးချင်ခဲ့တယ်ဆိုရင်
ငါ့ရင်ခွင်က မင်းအတွက် နွေးထွေးနေမှာပါ

--- အကယ်ရွေ့ မင်းအခက်အခဲတွေနဲ့ ကြုံနေရတယ်ဆိုရင်
ငါကမင်းရဲ့ အတိုင်ပင်ခံတစ်ယောက် ဖြစ်ချင်တယ်

--- အကယ်ရွေ့ မင်းစိတ်ညစ်မှုတွေနဲ့ ကြုံနေရတယ်ဆိုရင်
ငါကမင်း ရင်ဖွင့်ဖို့ အကောင်းဆုံးလူပါ

--- အကယ်ရွေ့ မင်းစိတ်တွေထိုင်းမှိုင်းနေမယ်ဆိုရင်
ငါက မင်းအတွက် ဂျိုကာတစ်ယောက်ဖြစ်ဖို့ ၀န်မလေးပါဘူး

--- အကယ်ရွေ့ သူကမင်းအတွက် ပျော်ရွင်မှုအပေးနိုင်ဆုံးဆိုရင်
ငါ့ကိုထားခဲ့လိုက်ပါ

 --- အကယ်ရွေ့ မင်း သူနဲ့ အဆင်မပြေတဲ့အချိန်မှာ ငါ့အကြောင်းကိုသတိတရ
မပြောမိပါစေနဲ့ သူ့အတွက် နာကျင်စရာဖြစ်နေမယ်

--- အကယ်ရွေ့ မင်းသူ့ကိုလက်တွဲဖို့ သေချာသွားပြီဆိုရင်
သူ့ရဲ့ အဆိုးအကောင်းတွေကို လက်ခံနိုင်ဖို့ ကြိုးစားပါ

--- အကယ်ရွေ့ မင်းရဲ့နောက်ဆုံးအချိန်ကိုရောက်ခဲ့ပြီဆိုရင်
ငါ့ကိုခေါ်လိုက်ပါ ငါကမင်းရဲ့ နောက်ဆုံးအချိန်ထိ မင်းဘေးမှာနေချင်ခဲ့လို့ပါ

 --- အကယ်ရွေ့ ငါသေဆုံးသွားခဲ့ရင်
မင်းရဲ့ နောက်ဆုံးအချိန်မှာ ငါ့အချစ်တွေကိုသတိရနေပေးပါ

မင်းကိုမပိုင်ဆိုင်ခဲ့ရပေမယ့်လဲ
မင်းရဲ့နောက်ဆုံးအချိန်လေးကိုတော့
ငါ့ရဲ့အတ္တသေးသေးလေးက ပိုင်ဆိုင်ချင်နေသေးတယ်

--- အကယ်ရွေ့ နောက်ဘ၀ဆိုတာရှိဦးမယ်ဆိုရင်
မင်းကိုခုလိုဘဲ ချစ်နေချင်ပါသေးတယ်

@ Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...