Wednesday, September 18, 2013

သူငယ်ချင်း

သူငယ်ချင်း

မင်းနှလုံးသားထဲက ခံစားချက်တွေကို
တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်နော်
ဥပမာ ငါ့ကိုဖြစ်ဖြစ်ပေါ့............

မင်းမှာမဖြစ်သေးတာတွေရှိရင်လဲ
စိတ်မညစ်ပါနဲ့ကွာ
မင်းအနားမှာ မင်းကိုအားပေးမဲ့
သူငယ်ချင်းတွေရှိပါတယ်.........

မင်းအတွက်ငါဆိုတဲ့ သူငယ်ချင်းလေးက
အစဉ်မြဲ ဆုတောင်းပေးနေမှာပါ
ဘယ်တော့မှအားမငယ်ပါနဲ့နော်.....

တစ်ခုတော့ရှိတာပေါ့ သူငယ်ချင်းရယ်
တစ်ခါတစ်ခါတော့ ငါလည်း
စိတ်ညစ်တတ်ပါတယ် ငါစိတ်ညစ်ရင်လည်း
မင်းကငါ့ကို အားပေးပါ့မလား.................

ငါကတော့အမြဲတမ်းကိုယ့်ကိုယ်ကို
အားပေးခဲ့ရတာတွေများပါပြီ
သူငယ်ချင်းရယ်.................
  
 မင်းရဲ့
သူငယ်ချင်းလေး

@ Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...