Wednesday, September 18, 2013

ရင်တွင်းရှိုက်သံ

ရင်းကွဲရတာချင်း အတူတူ
ချစ်သူရဲ့  ချစ်ခြင်း
မင်းကမှ အပ်နှင်းခံရသေးတယ်...
ခွဲခွာရတာချင်း အတူတူ
ချစ်သူရဲ့  မေတ္တာ
မင်းဆီမှာ ကျန်ရစ်ခဲ့ သေးတယ်...
ပေးဆပ်ရတာချင်း အတူတူ
နွေးထွေးတဲ့  ရင်ခွင်ရိပ်
မင်းမှေးစက်ခွင့် ရသေးတယ်...
နားလည်ရတာချင်း အတူတူ
ချစ်သူရဲ့  အမှန်တရား
မင်းကြားခွင့် ရသေးတယ်...
လွမ်းရတာချင်း အတူတူ
ချစ်သူကိုတမ်းတခွင့် 
မင်းကမှ ရခဲ့ သေးတယ်...
ရာဇ၀င်ထဲက ခင်ဦးရေ...
ဆုံးရွှုးရတာချင်း အတူတူ
ချစ်သူရဲ့  အပြုံးတပွင့် 
(မင်းကမှ)
သိမ်းဆည်းခွင့်  ရခဲ့ ပါသေးတယ်ကွယ်.....

 @ကောင်မလေး

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...