ဝင်ခွင့်တက္ကသိုလ်
ဖြေဆိုအောင်မြင် ငါ့ဘ၀တွင်
ရည်မှန်းကြိုးစား စက်မှုကျောင်းသား
ဖြစ်ကိုဖြစ်ရမည် အဓိဌာန်နှင့်အညီ
တက်ခွင့်ရသည့် GTC
ကျောင်းအိုကုတ်ကုတ် အခန်းစုတ်နဲ့ 
မညီကြမ်းတမ်း ကျောက်ခင်းလမ်းက
ဦးစွာဆီးကြို ကျွန်ုကို
ကျောင်းဝင်းအ၀ တောင်တမာပင်က
ရင်မောစွာ ကောက်ချက်ချ
မင်းမှားလေစွ တဲ့
ကျောင်းရှေ့ ကွင်းပြင် အုတ်ခုံပေါ်တွင်
စက်သွားပုံထွင်း ဂုဏ်ယူခြင်းနှင့်
ပြုံး၍ဆီးကြို အလံအိုက
အရောင်မလှ မှိန်ပြပြ
အ၀င်ကောင်းပေမယ့်
အသင်မကောင်းလေတဲ့ ရွေကျောင်းမှာ
လေကောင်းလို့  အာညောင်းရင်တောင်မှ
ရေ၀အောင်မသောက်ရ
သြော် ငါ့ဘဝ
ရက်မှလပြောင်းနှစ်တွေညောင်းလို့ 
ကျောင်းအကြောင်း ကောင်းကောင်းမသိခင်မှာ
ဟိုရှေ့ နားဆီ ဂိတ်အိုသည်ကား
ငါနှင့်တကွ လူပျင်းများအား
နောက်ဆုံးနှုတ်ဆက် ခေါင်းလောင်းသံတချက်
ရိုက်နှက်ဖို့ အရေး သူစောင့်နေပေအုန်းတော့မည် ။
@ညွန့် ဌေး
No comments:
Post a Comment