Wednesday, September 18, 2013

မျက်ဝန်းသံစဉ်

ချစ်သူရယ်......

အကြည့်ချင်း ဆုံမိရုံနဲ့ တင်

မမြင်ရတဲ့ ချစ်ခြင်းရဲ့  ခမ်းနားမှုတွေနဲ့ 

ငါ့နှလုံးသွေးထဲ စီးဆင်းစေတယ်

အပြစ်ဆိုစရာမရှိတဲ့ အကြည့်လေးတချက်နဲ့ တင်

ငါ့နှလုံးသားဟာ လောင်ကျွမ်းခဲ့ရပေါ့

ငါ့ရင်ခွင်တစ်စုံဟာ မင်းအတွက်ခိုနားဖို့ ပါ

မဖိတ်ဘဲလာပြီး မနှင်ဘဲပြေးမသွားပါနဲ့ ကွယ်


ချစ်သူရယ်.....

မမျှော်လင့်ပဲဆုံခဲ့ခြင်းဟာ

ငါ့အတွက်တော့ကြေကွဲဖို့ လေလား

လွမ်းဆိပ်တက်နေတဲ့ ငါ့ရင်ခွင်

မင်းမြင်နိုင်ပါ့မလား


ချစ်သူအတွက်

အမြတ်နိုးဆုံးချစ်တဲ့အကြောင်းကို

ပြောမထွက်ခဲ့ပါဘူး
ရင်မှာဖြစ်တဲ့ စကားတစ်ပွင့် သိမ်းဆည်းထားတယ်

 နှလုံးသွေးတစ်စက်နှင့်

 ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်အတွက်

 ငါ့ရင်ခွင်တစ်ခုလုံးကြေလုပြီ

ချစ်သူ....

မျက်ဝန်းချင်း တကြိမ်လောက်ဆုံမိရုံနဲ့ 

ချစ်ခြင်းအကြောင်းကို ဆုံးခန်းတိုင်

နားလည်သွားစေနိုင်သတဲ့လား
သေချာတာကတော့

မင်းရဲ့ အကြည့် တချက်နဲ့ တင်

ငါဟာ ကျဆုံးခဲ့ရသူပါကွယ်.......


@ လွမ်းအိမ်

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...