Wednesday, September 18, 2013

ချစ်သူဖတ်ဖို့ 

အတောက်ပဆုံး နံနက်ခင်းတစ်ခုမှာ
သွေးထဲထိ ရှတဲ့ နင့်စကားလုံးတွေကို
ငါ့ဒဏ်ရာတွေ ထဲပေါင်းထည့်
ပြီးတော့ ငါးနှစ်သားသံယောဇဉ်နဲ့  အချိုးကျ ရောစပ်ပြီး
အလှဆုံးပန်းတပွင့် ငါဖန်ဆင်းမယ်
နင်ပန်ဆင်ဖို့ .....

အကြည်လင်ဆုံး ညနေခင်းတစ်ခုမှာ
ငါ့နှလုံးသားကို ထုချေ
မာန်မာနတွေ ထိုးသိပ်
ကြေမွသွားတဲ့ မျှော်လင့်ခြင်းတွေ ဖြန့် ခင်း
ရနံ့ သင်းတဲ့တံတားတစ်စင်း ငါဖန်ဆင်းမယ်
နင် နင်းလျှောက်ဖို့ ....

ဘယ်လိုအကြောင်းတရားတွေက
နင့်အမုန်းတွေကို ကြေပျက်စေနိုင်မှာလဲ
အမှန်ပြင်ဖို့ ကြိုးစားရင်း ငါအထပ်ထပ်မှားနေမိ
တစ်လမ်းသွားဖြစ်နေရတဲ့ ငါ့အချစ်နဲ့ 
ရင်ဘက်ထဲက ထွက်ကျလာတဲ့ ရှိုက်သံ
ဒါတွေနဲ့  ထိုက်တန်တာဟာ
နင့်ရဲ့  ဥ ပေက္ခာလား...

T-shirt အနီနဲ့  ကောင်မလေးရေ
ပင်လုံးကျွတ် ပြည့်နေတဲ့ နင့်အမုန်းတွေ
ထပ်ပြီး ဝေမပြပါနဲ့ တော့
နင့်အမုန်းတွေ ငါတယုတယ ထုပ်ပိုးလို့ 
မုဆိုးတစယောက်ရဲ့ ရှေ့ က သားကောင်လို
ငါ့နှလုံးသားကိုငါ အဆုံးစီရင်ပစ်လိုက်မယ်
နင် ကျေနပ်ဖို့ ....

@ လူငယ်

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...