Monday, September 16, 2013

တဖက်သတ်ချစ်ခြင်း

ချစ်ခွင့်မရှိလို့ မင်းကိုငါမချစ်ခဲ့ရ
ဒါပေမယ့်လည်းမင်းကိုချစ်တဲ့အချစ်ကအားလုံးထက်ပိုတဲ့အချစ်ဦးပါ
မင်းသိမလား ငါ့ရင်ထဲကအချစ်တွေကို
မင်းရင်ထဲမှာတော့ အထင်သေးနေမှာ
ကံကြမ္မာကရေစက်ဆုံလို့ တွေ့ ခဲ့ကြပေမယ့်
ဖူးစာမပါလို့ ဝေးခဲ့ကြရပြီ
ဒါကြောင့်
ရင်ထဲကမင်းကိုပြောချင်လွန်းတဲ့
ရင်ထဲက စကားလုံးတွေ
ရင်ထဲက အချစ်တွေ
ရင်ထဲမှာပဲသော့ခတ်ထားလိုက်တော့မယ်
ဒါပေမယ့်
မင်းအပေါ်ချစ်တဲ့အချစ်တွေကတော့ မလျော့ခဲ့ဘူး
ယုံပါ အချစ်ဦး
မိန်းကလေးမို့ ယောင်္ကျားလေးတစ်ယောက်အပေါ်
နှုတ်ဖျားက ချစ်တယ်ဆိုတဲ့စကားပြောမထွက်ရက်တော့လည်း
တဖတ်သတ်အချစ်နဲ့ သာကျေနပ်တော့

@Hninn Nu Phyoe

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...