တစ်ဘ၀စာလက်တွဲကြမယ်လို့ 
ရည်ရွယ်ထားပါလျှက်နဲ့ တောင်
ဝေးကွားနေခဲ့ရသေးတာပဲ
တခဏသာ အမှတ်တရတွေက
တဘ၀စာ ရင်ကွဲရဖို့ လေလား....
ချစ်သူ လို့ တရှိုက်မက်မက်
အပြန်အလှန် ခေါ်ဆိုခဲ့ကြဖူးတဲ့ နာမ်စားလေးလည်း
လေထုထဲမှာ မျှောလွင့်သွားခဲ့လေပြီလား.....
အခုတော့လည်း အရာအားလုံးဟာ
ပြန်မရနိုင်တော့တဲ့ အချိန်တွေထဲက
အတိတ်ပုံရိပ်လေလား.....
တစ်ချိန်က ပြုံးပျော်မဆုံးခဲ့ကြတဲ့ ရယ်သံတွေက
ခုတော့လည်း မျက်ရည်စက်တွေအဖြစ်ပြောင်းလဲခဲ့လေပြီလား....
အရာအားလုံးပြောင်းလဲသွားတဲ့ နင့်ကို စိတ်မနာနိုင်ဘဲ
မေ့လို့ မရ ချစ်လို့ မ၀ဖြစ်နေတာ ငါ့ရဲ့ မိုက်မဲမှုလေလား.....
ဘယ်အရာနဲ့ မှ အစားထိုးလို့ မရအောင်
ခိုင်မြဲနေတဲ့ ငါ့ရဲ့ သံယောဇဉ်ကြိုးတွေကို
ဘယ်အရာတွေကများ ဖြတ်ပစ်နိုင်မှာလဲ
ဒါပေမယ့်လည်း
ငါကိုယ်တိုင် ရုန်းမထွတ်ချင်တဲ့
ငါ့ရဲ့ အချစ်တွေကို
မင်းဆီမှာ တစ်သက်တကျွန်းချထားခွင့်ပြုပါလား
တစ်ချိန်က ချစ်တဲ့သူရေ......
@Hninn Nu Phyoe
14.2.2013
10.01 PM
14.2.2013
10.01 PM
No comments:
Post a Comment