အိမ်အပြင် ခြေတစ်လှမ်းအစ
နုဖတ်ဖတ် ဦးနှောက်တစ်စုံနဲ့ 
လည်ထောင် မော့မော့
ကြွကြွလေး ခြေချခဲ့ဖူးတယ်....
ခြေအစိုအောက်မှာ
၄၇၆ ပေအထက်က ကုန်းကွကွမြစ်ကြီးနား
အရောင်သစ်တို့ နဲ့  ဆက်စလူးခါနေရဲ့ 
ဒါပေမယ့် ဖါလူဒါဝယ်မသောက်ခဲ့ပါဘူး....
မျှော်လင့်ချက် လှေတစ်စီးစာနဲ့ 
ကျွန်တော့ ခေါင်းကို ပုံအပ်ခဲ့တာ
ဒီကျောင်းမှာပေါ့
ဆံပင်တစ်ချောင်းတောင် ဖြူခဲ့သေး.....
နယူတန်နဲ့ အပေါင်းပါတို့ 
သိမ်းပိုက် သွေးစုတ်လို့ 
ကျွန်တော့ ဦးနှောက်လည်း
အရည်ခပ်ကျဲကျဲသာ ကျန်တော့တယ်....
ရှေ့ သွားလူက စမ်းတ၀ါးဝါး
အလယ်လူက မှိတ်တုတ်မှိတ်တုတ်
နောက်လူကျတော့ တကယ့်ဗရုတ်
ကျွန်တော်ကဘဲ လေထဲရဲတိုက်ဆောက်ခဲ့မိလေသလား....
ဒီလိုနဲ့ ....အခန်းထောင့်က သက္ကရာဇ် ၅-ခု
တစ်ခုပေါ်တစ်ခု ဖင်ခုထိုင်ရင်း
အမေ့ ပိုက်ဆံအိတ်လည်း
အာဟာရပျက်လို့  ပိန်ခြောက်ခြောက်ရယ်သာ....
မပူပါနဲ့ အမေ
သားအလိမ္မာ ပညာတက်ကြီးက
အမေ့ပိုက်ဆံအိတ် လူလုံးလှဖို့ တာဝန်ယူပါ့မယ်လို့ 
ပြောရဲတဲ့အစွမ်း ကျွန်တော့မှာ ရှိချင်လိုက်တာ......။
@ ရှတာ
No comments:
Post a Comment