ဘာလို့ ငါ မေလ်အဟောင်းတွေ ပြန်ဖွင့်နေရတာလဲ
ဘာလို့ ငါ ချက်မေလ်အဟောင်း တွေပြန်ဖတ်နေရတာလဲ
ဘာလို့ ငါ ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်နေရတာလဲ
ဘာလို့ ငါ ဘာလို့ များ မင်းနဲ့ ပတ်သတ်ခဲ့သမျှ ပြန်တူးဆွနေတာလဲ
ငါကိုယ်တိုင်မြုပ်နှံပစ်မှ ရမယ့် အရာတွေလေ
ဘာလို့ များ ဆက်သိမ်းထားချင်ရတာလဲ
ငါ့မေလ်ထဲမှာ ဘာလို့ နင်အကြောင်းကြီးပဲ ဖြစ်နေရတာလဲ
ငါ့မေလ်နာမည် ငါ့ပတ်ဝတ် ဘာလို့ နင်ပဲ ဖြစ်နေရတာလဲ
ငါ့ ပိုက်ဆံအိတ် ငါ့အိပ်ယာဘေးမှာဘာလို့ နင့်ဓာတ်ပုံတွေရှိနေရတာလဲ
ဘာလို့  ငါ ဘာလို့ များ မင်နဲ့ ပတ်သတ်တာတွေကို မက်မောနေရတာလဲ
ဘာလို့ ငါ့လက်တွေတုန်ပြီး ငါ့မျက်ရည်တွေ ၀ဲလို့ ငါ့ရင်ဘက်တွေအောင့်လာရတာလဲ
နင့်အကြောင်းစဉ်းစားလိုက်မိတဲ့အခါတိုင်း ဘာလို့ များငါ အသိမဲ့သွားရတာလဲ
ငါဘယ်လို ဖျောက်ဖျက်ပစ်မှနင်ကပျောက်သွားမှာလဲ
ဒါမှမဟုတ် ငါကိုယ်တိုင်သဂြိုလ်ပစ်မှရမယ့် မင်း မင်း မင်းနဲ့ ပတ်သက်သမျှ တွေကို ဘယ်မှာမြုတ်နှံရမလဲ

@Hninn Nu Phyoe
(10.6.2013)
(10.6.2013)
No comments:
Post a Comment