Monday, September 16, 2013

ငါ့ရင်ထဲမှာမင်းတ၀ဲလည်လည်

မြတ်နိုးတမ်းတဖွယ်အမှတ်တရများကိုရွေးလို့ 
ကိုယ့်စိတ်တွေတိတ်တိတ်ကလေးလွင့်မျောနေမိတယ်
မင်းအကြောင်းများတွေးရင်းနဲ့ 
့တမ်းတရစ်ဝဲဝေ့လည်ပြန်လည်တသသသတိရနေမိတယ်
စိတ်တွေအားလပ်နေချိန်မှာဝယ်
ကိုယ့်စိတ်ထဲရုတ်ခြည်းရွေးချယ်မိတယ်
တွေးပြီးရင်းတွေးနေပဲကွယ်
ဒီလိုတွေးရင်းနဲ့ တချို့ သောအသံကလေးများကိုကြားယောင်မိတယ်
မြတ်နိုးဖွယ်အမှတ်တရဒီလှိုင်းကြောမှာ
ကိုယ့်စိတ်တွေလွင့်မျောလို့ ရတဲ့အခါမယ်
တဒင်္ဂလေးများကို ပြန်လည်လို့ ဖန်ဆင်းမိသေးတယ်
တွေးတောမိန်းမောရာမှပြန်လည်လို့ နိုးထလာချိန်ဝယ်
ကိုယ့်အတွင်းစိတ်သဏ္ဏန်ထဲမယ်
မင်းအကြောင်းတွေးမိတဲ့
ဒီလိုတဒင်္ဂလေးများကို
ပြန်လည်ရရှိဖို့ 
မျှော်လင့်မိတော့တယ်......


@Annonymous

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...