Wednesday, September 18, 2013

တွေးမိတွေးရာ / ရေးမိရေးရာ


အရင်တုန်းကလည်း တယောက်ထဲပါပဲ
ရန်ကုန်ကိုလာခဲ့တုန်းကလည်း တယောက်ထဲပါပဲ
အမေပြောသလို မွေးလာတုန်းကလည်း တယောက်ထဲပါပဲ
ချစ်သူ ဆိုတဲ့ သူရှိနေတုန်းကလည်း တယောက်ထဲပါပဲ
ညီမလေးဆိုတဲ့ သူ မရှိနေတော့လည်း တယောက်ထဲပါပဲ
ဒီကြားထဲမှာ
နှစ်ယောက်အတူ ကောင်းတိုင်ပင် ဆိုးတိုင်ပင် အတူတူ ဖြစ်သွားပြီးကာမှ
တယောက်ထဲကျန်ခဲ့ရပြန်တော့ တယောက်ထဲပါပဲ ဆိုတဲ့ အသိ ၀င်မလာတော့ဘူး
တခါတခါ တယောက်ထဲ ထိုင်ပြီး တွေးမိတွေးရာ ငေးမိငေးရာ နေနေမိတယ်
တခါတခါ ဘုရားစာအုပ်ကောက်ကိုင်ပြီး ရှိသမျှအကုန် ထိုင်ရွတ်နေမိတယ်
တခါတခါ အိပ်ယာပေါ်လှဲရင်း ပျော်စရာတွေဖန်တီးပြီး စိတ်ကူးတွေယဉ်နေမိတယ်
တခါတခါ အလုပ်လည်းမသွားချင် အိမ်မှာလည်းမနေချင် ဖြစ်နေမိတယ်
တခါတခါ ဘာကိုအလိုမကျဖြစ်နေမှန်းမသိပဲ ဒေါသတွေထွက်နေမိတယ်
တခါတခါ ပတ်ဝန်းကျင်က လူတွေနဲ့ အခန့်မသင့်စကားတွေပြောနေမိတယ်
တခါတခါ မိုးလင်းပေါက် ဂိမ်းတွေထိုင်ဆော့နေမိတယ်
တခါတခါ မျက်ရည်တွေကျနေမိတယ်
တခါတခါ ရူးသွားချင်နေမိတယ်
လိုချင်တာတွေများနေတယ်
လိုအပ်တာတွေများနေတယ်
လုပ်ချင်တာတွေများနေတယ်
လုပ်ပေးချင်တာတွေများနေတယ်
ဖြစ်ချင်တာတွေနဲ့  ဖြစ်လာတာတွေနဲ့  ဖြစ်နေရတာနဲ့ 
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး....
@ Hninn Nu Phyoe

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...