Wednesday, September 18, 2013

ကျနော် ချစ်သော အဖေ

ကျနော် နေတဲ့ မိုးကောင်းမြို့ လေး ဟာ တစ်နှစ်ကို တခါ ရေကြီး တက်တယ်
အဲ့လိုရေးကြီးတက်တဲ့ တစ်နေ့ မှာ အဖေ က ကျနော့်ကို ကျောင်းလိုက်ပို့ တော့ လမ်းထိပ်က တံတားကိုကူးရတယ် တံတားကလည်း ရေမြုပ်နေတော့ စမ်းပြီးသွားနေရတဲ့အချိန် ကျနော် ခြေချော်ကြသွားတော့ တံတားဘေးအစွန်လေးကို စမ်းမိပြီး ရေမွန်းနေတဲ့ ကျနော် အဲ့ဒီအချိန်မှာ စိုးရိမ်တကြီး နဲ့ ဖမ်းဆွဲပေးတဲ့ အဖေ့ရဲ့ လက်တစ်စုံ ကို အားကိုတကြီးနဲ့ ကျနော် ဖမ်းဆွဲမိလို့ သာ ခုလိုချိန်ထိ ကျနော်ဆိုတာ ဖြစ်တည်နေမှာ မဟုတ်တော့ဘူး အဲ့ဒီ ရေမြှောင်းနက်ကြီးထဲ ရေစီးသန်သန် နဲ့ ကျနော်မျှောသွားလောက်ပြီ

နောက်တစ်ခု က အဖေတို့ ရဲ့ ကန်ဘလူ တဖက်ကမ်းက အဖေ့ရွာလေးကို ဟိုး ငယ်ငယ်တုန်းက လိုက်လည်တော့ အဲ့ဒီမှာ တဖန်းဆိပ်ဆည် ဆောက်ကာစ မှာ ရေခရီးလမ်းနဲ့ မတည့်တဲ့ ကျနော် ကို အမေကအတန်တန်မှာလိုက်တဲ့ကြားက သူငယ်ချင်း ဆွေမျိုးတွေနဲ့  လှေစီးပြီး သွားတော့ ရေလယ်မှာ လှေမှောက်ပြီး အားလုံးက ကျနော့်ကိုရှာမတွေ့ တဲ့အချိန်မှာ အဖေ ရောက်လာပြီး လာဆယ်တယ် အချိန်မှီသာ မရောက်လာခဲ့ရင် ကျနောဆိုတာ ခုချိန်မရှိတော့သလို အဲ့ဒီတုန်းက လုံးဝ မဆူမပူ မရိုက်နှိပ်ပဲ ချော့သိပ်ခဲ့တဲ့ အဖေ့ရဲ့ ရင်ခွင်ရိပ် ကို ခုချိန် တမ်းတမိတယ် အဖေ

ဒီနေ့  နေ့ လည် ခန အိပ်တော့ အမြဲ လိုလို မက်နေကြ ရေမွန်းနေတဲ့ အိမ်မက်တွေ နဲ့  ကျနော်


@ Hninn Nu Phyoe
<16.6.2013>
Father Day 

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...