Monday, September 30, 2013

မြတ်စွာဘုရား ဂုဏ်တော်

မြတ်စွာဘုရား ဂုဏ်တော်(၉)ပါး

ဣတိပိ သောဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပန္တွော
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ

တရားဂုဏ်တော် (၆)ပါး

ဘဂ၀တာဓမ္မော-ဘဂ၀ါဟောကြားတရားတော်မြတ်များသည်-

(၁) သွာက္ခာတော= ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂) သန္ဒိဋ္ဌိကော= ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) အကာလိကော= ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဧဟိ ပဿိက = ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) သြပနေယျိက = ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ = လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။ 

သံဃာဂုဏ်တော် ၉ ပါး

၁။ သုပ္ပဋိပန္န ဂုဏ်တော် အလွန်ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။

၂။ ဥဇုပ္ပဋိပန္န ဂုဏ်တော် အလွန်ဖြောင့်မတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။

၃။ ဉာယပ္ပဋိပန္န ဂုဏ်တော် နိဗ္ဗာန်ရောက်ရန် သင့်မြတ်သောအကျင့်နှင့် ပြည့်စုံသောဂုဏ်။

၎။ သာမီစိပ္ပဋိပန္န ဂုဏ်တော် ရိုသေထိုက်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။

၅။ အာဟုနေယျ ဂုဏ်တော် အဝေးကဆောင်ယူလာသော အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။

၆။ ပါဟုနေယျ ဂုဏ်တော် ချစ်မြတ်နိုးအပ်သည့်ဧည့်သည်များအတွက် အထူးပြုပြင်ထားသည့်အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။

၇။ ဒက္ခိနေယျ ဂုဏ်တော် နောင်သံသရာဘ၀၌ ကောင်းကျိုးရဖို့ရန်ရည်သန်၍ ပေးလှူသော အလှူကို ခံယူထိုက်သောဂုဏ်၊

၈။ အဉ္ဇလီကရဏီယျ ဂုဏ်တော် လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်။

၉။ အနုတ္တရ ပုညက္ခေတ ဂုဏ်တော် ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းနှင့်တူသောဂုဏ်။

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...