Thungechin
နင့်ဘက်က အဖြူရောင်ခင်မင်မှုတွေထဲမှာ
ငါ အရောင်တွေခြယ်ခဲ့မိပြီ
ဖြူစင်လွန်းတဲ့ နင့်ရဲ့  မျက်ဝန်းအကြည့်တွေထဲမှာ
ငါ ကျဆုံးနေခဲ့မိပြီ
ရိုးရှင်းလွန်းတဲ့ နင့်ရဲ့  စကားလုံးတွေထဲမှာ
ငါ နှစ်မြုပ်နေခဲ့မိပြီ
ရိုးသားလွန်းတဲ့ နင့်ရဲ့  အပြုအမှုတွေထဲမှာ
ငါ လဲပြိုခဲ့ရပြီ
ဒါပေမဲ့လည်း သူငယ်ချင်းရယ်
နင့်ဘက်က မဖြူရောင် ခင်မင်မှုတွေထဲမှာပဲ
ငါကျန်နေခဲရပြီလေ....
@A.K.P

No comments:
Post a Comment