ကြယ်တံခါးဖွင့်လှစ်ချိန်
အသားကျနေတဲ့ ခြေလှမ်းတွေက
လျှောက်နေကြ မြေလမ်းအတိုင်း
ဆုံမှတ်တစ်ခုဆီ ဦးတည်ခဲ့ကြ....
နားလည်မှုတွေ ပေါင်းစပ်ထားတဲ့
မထင်မှတ်တဲ့ ခင်မင်မှုအတွက်
နေ့ ရက်တွေ ရေတွက်ဖို့ 
ပြက္ခဒိန်ကို မေ့လျော့ခဲ့ကြ....
လရိပ်တစ်ခုအောက်မှာ
အနာဂတ် အိမ်မက်တွေနဲ့ 
ညရဲ့ ငြိမ်းချမ်းခြင်းထဲ
ငါတို့ အတူတူ လက်တွဲလျှောက်ခဲ့....
အယူအဆတွေ အချိုးချဖို့ 
အဖြူရောင် ရိုးသားမှုနဲ့ 
ငါတို့ တွေ ဆုံဆည်းခဲ့ကြတာ
အပြာရောင် လရိပ်အောက်မှာပေါ့.....
(နားလည်ပေးခဲ့သော သူငယ်ချင်းသုံးယောက်အတွက်)
@ကောင်မလေး
No comments:
Post a Comment