ကျနော့ ဘ၀ရဲ့  ဘုရားပေးတဲ့ ကံကောင်းမှုလက်ဆောင်တွေထဲမှာကျနော့ မောင်လေးနဲ့ ညီမလေးက ကျနော့ အချစ်ရဆုံးလေးတွေပါ…
အရမ်းကိုနာလည်သိတက် လိမ်မာတဲ့ ကျနော့ မောင်လေး…
အရမ်းကိုအလိုက်သိတ်က်လိမ်မာပါးနပ်တဲ့ ကျနော့ ညီမလေး…
အေးအေးဆေးဆေးနဲ့ စာအုပ်ပုံတွေကြားမှာပဲနေတက်တဲ့ ကျနော့ မောင်လေးက နာမည်နဲ့ လိုက်အောင်ကို ကျနော့ ကိုငြိမ်းချမ်းစေပါတယ်…
အလိုက်သိတက်မှုနဲ့ လိမ်မာပါးနပ်မှုကိုပိုင်ဆိုင်ထားတဲ့  ဗုဒ္ဓဟူး တနေ့ သုံးခါရူး တခါရူးရှစ်နာရီလို့ ကျနော်အမြဲနော်ကပြောင်ပေးတက်တဲ့ 
ကျနော့ အချစ်ရဆုံးအိမ်ရဲ့ ဆည်းလည်းလေးနာမည်နဲ့ လိုက်အောင်အမြဲရီနေတက်တဲ့  ချစ်ညီမလေး…
ရှေ့ ကလူကဖြောင့် ဖြောင့် သွားမှနောက်ကလူတွေကဖြောင့် ဖြောင့် လိုက်နိုင်မှာတဲ့ …
ကျနော်ဟာအကြီးတယောက်ပီသခဲ့ ရဲ့ လား…
ကျနော်အမြဲလိုလိုတွေးပူနေမိတယ် တွေးမိတိုင်းလဲ အိပ်လို့ မပျော်ဘူး…
ရှေ့ ဆုံးကနေ ကျနော်လမ်းတွေဖောက်ရမယ်… လမ်းကြောတွေရှာရမယ် …ဆူးငြောင့်  ခလုပ်တွေမရှိရလေအောင်ရှင်းလင်းပေးထားရမယ်…
အမောပြေသောက်စရာ ရေးအေးလိုအပ်တယ်… နားခိုရာလိုအပ်တယ်…
ကျနော်ဘယ်ကိုရောက်နေပြီလဲ…
ကျနော်အများကြီးမလုပ်ပေးနိုင်သေးရင်တောင် လမ်းညွန်ပြသပေးနေနိုင်ပြီးလို့  ကျနော်ထင်ပါတယ်…
အဲ့ လိုလမ်းညွန်ပေးနိုင်ဖို့ အတွက်ကျနော်အများကြီးလိုအပ်နေပါသေးတယ်…
ကျနော်ဆက်လို့ လျောက်နေဆဲပါ~~
@Hninn Nu Phyoe

No comments:
Post a Comment