ကျနော့ ဘ၀ရဲ့ ကောင်းကင်ကြီးတခုဖြစ်တဲ့ ဖေဖေနဲ့ မေမေ…
ဒီကောင်းကင်ကြီးအောက်မှာပဲ ကျနော့် ဘ၀ကိုအရိုးရှင်းဆုံးနဲ့ အပျော်ရွင်ဆုံးပေါ့ပေါ့ပါးပါးဖြတ်သန်းလာခဲ့ ရတယ်..
အရာရာမှာကံကောင်းမှုတွေတွေထွေးပိုက်ရင်းနဲ ပေါ့..
ဒါပေမဲ့ လည်း နေဆိုတာအမြဲမသာခဲ့ ပါဘူး…
ပြီးခဲ့ တဲ့ 2008 Jan23မှာပဲကျနော့ ကောင်းကင်တခြမ်းပြိုကျခဲ့ ရတယ်…
မြူတမှုန်စာလောက်တောင် ကျေးဇူးမဆပ်လိုက်နိုင်ခင်မှာပဲ
ရုတ်တရက် အချစ်ဆုံးဖေဖေကြွေလွင့် သွားခဲ့ တယ်…
ကျနော့ ဘ၀မှာအချစ်ရဆုံး အားအကိုးဆုံး အလေးစားဆုံးဖြစ်တဲ့ ကျနော့ ဖေဖေ
ကျနော်တို့ နဲ့ ဝေးရာ ဟိုး….အဝေးကြီးကိုထွက်ခွာသွားခဲ့ တယ်…
ဘယ်တော့ မှပြန်မလာတော့ ဘူးတဲ့ လေ.
ဖေဖေရောက်ရာနေရာကနေပဲကျနော်ပြုလုပ်ပေးနေတဲ ကောင်းမှုတွေကိုသာဓုခေါ်ဆိုနိုင်ပါစေ…
ကျနော့ မျက်နှာညိုးငယ်မှာကိုမလိုလားတဲ့ မေမေ ကျနော်စိတ်ဆင်းရဲမှာကို မခံနိုင်တဲ့ မေမေ
ကျနော့ ကို သူငယ်ချင်းတယောက်လိုနားလည်ပေါင်းသင်းပေးတက်တဲ မေမေ ကျနော့ ဘ၀မှာအရေးကြီးဆုံးဖြစ်တဲ့ မေမေ
ဒီဖေဖေဒီမေမေက ကျနော့ ဘ၀ရဲ့ ကောင်းကင်ကြီး
ဒီလိုနွေးထွေးလုံခြံတဲ့ ကောင်းကင်ကြီးအောက်မှာကျနော်ဘယ်တော့ မှစိတ်မဆင်းရဲခဲ့ ရဘူး
ခုတော့ အဝေးရောက်နေရတဲ့ ကျနော့ ကြောင့် သာ ကျနော့ မေမေ စိတ်ပူနေရပြီ
ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးကိုမော့ မော့ ကြည့် ပြီးကြိတ်ငိုခဲ့ ရတဲ့ နေ့ တွေလဲ
ကျနော့ အတွက်များလို့ နေပါပြီ မေမေ
အဆင်မပြေမှုတွေကြုံလာတိုင်းလဲတမ်းတအော်ဟစ်နေတဲ့ ကျနော့ အသံလေးတွေကိုကြားရရဲ့ လားမေမေ
ပျော်ရွင်မှုတွေနဲ့ တွေ့ လာတိုင်းပြုံးရွင်နေတက်တဲ့ ကျနော့ မျက်နှာကိုရော မေမေတမ်းတနေမလား
မေမေပိုသတဲ့ မေတ္တာတရားတွေဆိုဆုံးမမှုသံတွေနဲ့ ပဲ မေမေနဲ့ ဝေးနေရပေမဲ့ 
ဒီကောင်းကင်ကြီးက ကျနော့ အတွက်နွေးထွေးလုံခြံနေဆဲပါ
@Hninn Nu Phyoe

No comments:
Post a Comment