Wednesday, September 18, 2013

လွင့်

..................ဂရုမစိုက်ဘူး
ငါ့စိတ်နဲ့ ငါ့ကိုယ် ဟာမိုနီဖြစ်ရင်တော်ပြီ
တခါတလေ
               ကိုယ့် ကိုစိတ်ကမောင်းလိုက်
တခါတလေ
               စိတ်ကို ကိုယ်ကမောင်းလိုက်

မကျေလည်မှုတွေကို စုပုံထုပ်သိမ်းထားဖို့ 
ဒီရင်ဘက်ကြီးက ဂိုထောင်စုတ်မဟုတ်ဘူး
ဖွင့်ချလိုက်မယ် သွန်ချလိုက်မယ်
ခါထုပ် သုတ်သင်ပစ်မယ်
ဘယ်သူ့ ကိုမှ ..................ဂရုမစိုက်ဘူး

ငါ့စိတ်ရဲ့ ဖြစ်တည်မှု ငါ့မျက်နှာမှာ အဖျားခတ်လိမ့်မယ်
ဒါပေမယ့်
              ပင်ပန်းမယ်ထင်ရင် စွေကြည့်မနေပါနဲ့ 
ငါ့ကိုဂရုမစိုက်တာလောက်တော့ ငါဂရုမစိုက်ဘူး

တိုင်မှာ နှောင်ပြီး လွင့်လူးရတဲ့ အလံထက်
ရင်ဘက်ကြိုးသိုင်းနဲ့ စွန်လို လွင့်ပျံရခြင်းထက်
ငါ့စိတ်ကို ပိုပြီး လွတ်လပ်လွင့်ပျံခွင့် ငါပေးတယ်

စည်းတွေအားလုံးရဲ့ အ့ပင်ဘက်အဆုံးမှာ
ငါကျောပေးရပ်မယ်
ငါ့ကိုယ်ပိုင်ယဉ်ကျေးမှုနယ်မှေ ငါကျင်လည်ကျက်စားမယ်
ငါ့စိတ်နဲ့ ငါ့ကိုယ် ဟာမိုနီ ဖြစ်ရင်တော်ပြီ...................။   ။

@ ရှတာ

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...