Monday, September 16, 2013

နှလုံးသား ရပ်ဝန်း

ရင်ထဲက နှလုံးသားတစ်ခြမ်းရယ်
မင်း....ဟိုးအဝေးကြီးမှာ
ရောက်နေတယ်
ငါ သတိရနေတယ်
မင်းရော..... ?

မင်းရင်ထဲက တစုံတရာကို
ဘာကြောင့် ခုချိန်ထိ
ကွယ်ဝှက်ဖုံးထားရသလဲ

မင်းကို သိစေချင်ပါတယ်
မင်းပြုံးနေရင် တို့ ကပျော်နေသူပါ
မင်းဝမ်းနည်းလို့ ...
ကြွေကွဲငိုနေခဲ့ရင်
တို့ လဲ ၀ိညာဉ်လည်း
မင်းနဲ့ ထပ်တူ ကြေကွဲမှုကို
ခံစားနေမဲ့သူပါ...

ဒီတစ်သက်တာတွက်
မင်းတယောက်ပါပဲဆိုတာကို
ယုံကြည်စေချင်ပါတယ်
ပျော်ရွင်ပါစေ နှလုံးသားတစ်ခြမ်းရယ်
ငါ....မျှော်နေမယ်
နှလုံးသားတစ်ခြမ်းရယ်
မင်းပြန်ရောက်လာမဲ့....နေ့ ရက်တွေကို
လက်ချိုး ရေတွက်နေရင်းပေါ့........

@Nebula (J.S.Lu)
(CIVIL)


No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...