Wednesday, September 18, 2013

ကျနော် နှင့် ရွှေစာ

စာအုပ်တွေရှာရင်းရှာရင်းနဲ့ 
အိမ်မှာတုန်းကလို စာအုပ်ပုံကြီးထဲရောက်သွားသလိုခံစားလိုက်ရတယ်
အမေကဆို အမြဲခေါ်တယ် နာမည်ကို " ရွှေစာ" လို့ 
စာအုပ်များရှာရမယ် ဖတ်ရမယ်ဆို
ထမင်းမေ့ ဟင်းမေ့ အကုန်မေ့
စာအုပ်ဆိုင်များသွားရမယ်ဆို နီးနီးဝေးဝေး အရောက်သွား
လလယ်ပိုင်းလောက်ဆို ချောင်းပေါက်မတက်သွား
စာအုပ်အသစ်တွေများရောက်ခါနီးတဲ့ အချိန်ဆို တိတိကျကျ
စာအုပ်ဆိုင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုပဲ ဝေးတယ်ကိုမထင်တာ
ဒီကြားထဲ အဖေက စာတိုက်ကနေမှာပေးတာတွေရှိသေးတယ်
ငယ်ငယ်ကဆို ရွှေသွေး ပီးတော့ မင်္ဂလာမောင်မယ်
ဒီထက်နဲနဲကြီးလာတော့ Light, The Best, Top, English
ဘာသာရေးဆိုလည်း ဓမ္မဗျူဟာ၊ နက္ခတရောင်ခြည်၊ မနောမယ
တခါတခါ ကိုယ်က ကြားဖြတ် ၀ယ်လိုက်တာတွေကရှိသေး
ဘာဘာညာညာလေးတွေ စာတိုက်ကနေပို့ 
တစ်ခါနှစ်ခါများ ကိုယ့်နာမည်လေးနဲ့ ပါလာပြီဆို
ကိုယ်ကမသိခင် အမေကလိုက်ကြွးနေရတာ အမော
အဲ့ဒီလို စာဖတ်တက်တဲ့အကျင့်ကို ထည့်ပေးလိုက်တဲ့
အဖေနဲ့ အမေကြောင့်သာ ဒီလိုမျိုးနေပြီး စာတွေ ဖတ်တက်နေတာ
တကယ်ကို ကျေးဇူးကြီးမားလှပါတယ်


@ Hninn Nu Phyoe
<9.9.2013 - 12.00 PM> 

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...