အမကြီးတော့ အမိအရာတဲ့
အဘိုးက အမေ့ကိုပြောတယ် နင့်ခေါင်းမှာ " ကြီး " တလုံးနားနေပြီတဲ့
အမေက ကျနော့်ကို အမြဲပြောတယ် မီးမီး နင့်ခေါင်းမှာလည်း " ကြီး " တလုံးနားနေပြီနော်တဲ့
အကြီးဆုံးဆိုတာ ဘယ်တော့မဆို လက်ဖ၀ါးကို မှောက်ရက်သားပဲ ဖစ်နေရမယ်တဲ့
လက်ဝါးဖြန့် လျှက်ဘယ်တော့မှ မတောင်းခံရဘူးတဲ့
နေတာထိုင်တာ လုပ်တာကိုင်တာ အစစအရာရာ သတိနဲ့ နေကာမှ
ကိုယ့်အောက်က မောင်နဲ့ ညီမ ကို ပြောရဆိုရတဲ့နေရာ ကိုယ့်စကားကထိရောက်မှာတဲ့
ကိုယ့်ကို အစစအရာရာ လေးစားမှာတဲ့
ခုဆို အဖေက တမလွန်မှာ
အမေက မြစ်ကြီးနားမှာ
ကျနော်က ရန်ကုန်မှာ
မောင်လေးက မန်းလေးမှာ
ညီမလေးက မိုးကောင်းမှာ
တယောက်တနေရာစီနေနေရပေမယ့်
ရင်ထဲမှာ ကိုယ်စီ မိသားစုအိမ်လေး ဆောက်ပြီးနေနေရတာ
တခါတခါတော့လည်း အပြင်မှာ အတူတူ နေချင်တာပေါ့
ဒါပေမယ့်လည်း အခြေအနေတွေက မပေးတော့ ပြောခဲ့ဖူးတဲ့ ဆိုဆုံးမဖူးတဲ့ စကားတွေ
မြေ၀ယ်မကျ နားထောင်ရင်းနဲ့ ပဲ ဘ၀ကိုရှေ့ ဆက်လျှောက်ကြတာပေါ့
ဘယ်လိုဒုက္ခမျိုးပဲကြုံလာပါစေ
ဘယ်လို အခက်အခဲမျိုးပဲ တွေ့ လာပါစေ
အတိတ်ကို အတိတ်မှာထားပြီး အနာဂတ်မှာ အကောင်းဆုံးနေသွားကြရအောင်နော်
@ Hninn Nu Phyoe
<17.9.2013>

No comments:
Post a Comment