Wednesday, September 18, 2013

ပန်းမဉ္ဇူ

အို ပန်းလေး
ပန်းလေးကလှတယ် မွှေးတယ် သင်းပျံ့ တယ်
ဒါပေမယ့်ဆူးမဲ့ တဲ့ ပန်းလေးပါပဲ ။
သြော် ငါကပန်းချစ်သူ
ခူးချင် နမ်းချင် အလှကြည့်ချင်နဲ့ 
အချိန်တန်ရင် ကြွေရမယ် ။

အို ပန်းလေး
သင်ဘယ်အချိန်ထိများ မွှေးနေအုံးမှာလဲ
သြော် ငါကလဲ
ရာဇ၀င်တွင်တဲ့ ပန်းချစ်သူလား ။


အို ပန်းလေး
ကြွေမှာလား ငါမမြင်ရက်ဘူး
သြော် ငါ့ဆန္ဒ
အမြဲတမ်းပဲ မွှေးနေ စေချင်တယ် ။

အိုပန်းလေး
ထာဝရ ရှင်သန်စေဖို့ 
သြော်  ငါ့ဆန္ဒပြည့်ဝဖို့ အတွက်
ထာဝရ ဥယျာဉ်မှူးပဲ ဖြစ်နေချင်တယ်

@ L.HERO

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...