Wednesday, September 18, 2013

ကျွန်တော်မသိသေးသော ကျွန်တော့်အကြောင်း

တကယ်တော့ ငါဟာ
မျှော်လင့်ချက်များနဲ့  ရှင်သန်နေသူတစ်ယောက်ပါ ။
စိတ်ကူးနဲ့ လက်တွေ့ မပေါင်းစပ်ရသေးတဲ့ လူတစ်ယောက်
ငါ့မှာ ပိုင်ဆိုင်စရာဆိုလို့ 
အဖြူထည် နှလုံးသားတစ်စုံဘဲ ရှိတယ် ။
ငါဟာ အမှန်တရားနဲ့ 
ဝေးသွားလိုက်၊ နီးလာလိုက်နဲ့ 
ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ
ကံကြမ္မာကို အပြစ်ပုံချတက်လာတယ် ။
လောကကြီးအကြောင်းကို မသိဘူး ။
မာယာအကြောင်းကို မသိဘူး ။
ဟန်ဆောင်မှုအကြောင်းကို မသိဘူး ။
ချစ်ခြင်းမေတ္တာအကြောင်းကိုလဲ မသိဘူး ။
တစ်ကယ်တော့ ငါဟာ
ချစ်ခြင်းမေတ္တာ မရှိတဲ့နေရာမှာ ချစ်ခြင်းကို
လိုက်ရှာနေခဲ့မိသူပါ ။
ငါသိတာက ဘ၀မှာ ရှင်သန်တက်ဖို့ 
ရှင်သန်နေထိုင်ဖို့ အတွက် မာန (တစ်ချို့ )
သိမ်းဆည်းခဲ့ရဖူးတယ်......
လောကကြီးကို တအံ့တသြငေးမောဖူးတယ်
ပျော်ရွင်ခြင်းအတွက် သူများတွေကို အားကျဖူးတယ်
ရှိခဲ့ဖူးတဲ့သံယောဇဉ်ကို တမ်းတဖူးခဲ့တယ်
နွေးထွေးတဲ့အိမ်ကို ပြန်ချင်ခဲ့မိဖူးတယ်
သူငယ်ချင်းတွေကို လွမ်းဆွတ်ဖူးတယ်
ဒီလိုနဲ့ .....
ဒဏ်ရာတွေ၊ မျက်ရည်တွေ
ပျော်ရွင်ခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ
လောကဓံရဲ့  အလှည့်အပြောင်းဒဏ်ကို
ခါးစည်းခံခဲ့ရင်း
အချိန်တွေမရပ်မနား လည်ပတ်ရင်း
ငါဟာ လူပီသစွာ လူလားမြောက်ခဲ့တယ် ။

@ လွမ်းအိမ်

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...