Wednesday, September 18, 2013

ကြေကွဲ......မှတ်တမ်း

မင်းကိုမေ့ပျောက်ဖို့ ရာ
အဝေးကြီးကို ငါ ထွက်ပြေးမိတယ်
ဒါပေမဲ့....
အနီးအနားမှာ မင်းရှိနေတယ်....
ရင်ဘက်ထဲမှာ မင်းလှိုပ်ခတ်စွာ
အနည်ထိုင်နေတယ် ။
မင်းရဲ့ ကြင်နာသံကြားခွင့်ရဖို့ 
ငါ....ဖုန်းကလေးကို လှည့်မိတယ်
ဒါပေမဲ့
စိမ်းကားသံပဲ ကြားလိုက်ရတယ် ။
မင်းရဲ့ အရိပ်ကို
တွေ့ လိုတွေ့ ငြား မင်းအိမ်ရှေ့ ကို
ဖြတ်မိပါရဲ့ ဒါပေမဲ့.....
နှလုံးသား ဗလာနဲ့ သာဖြတ်ခဲ့ရတယ်
မင်းနဲ့ ....ရှေးရေစက်ဆုံဖို့ 
ဘုရားမှာ အကြိမ်ကြိမ်
ငါ....တောင်းဆုပြုနေမယ် ။
ဘာကြောင့်များ ဝေးနေရသလဲ
ငါ့ရဲ့ မေတ္တာဓါတ်ဟာ မင်းဆီကို
ဘာကြောင့် မရောက်ရသလဲကွယ်....
ကိုယ်နာလည် ပေးပါ့မယ်
အခြေအနေ တွေကို...
ကိုယ်က ချစ်တာကြောင့်
အရာရာကို နားလည်ပေးပါမယ် ။

@ Nebula (J.S.Lu)
(civil)

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...