Wednesday, September 18, 2013

သက္ကရာဇ်......အလွမ်း

တစ်နေ၀င် တနေထွက်လို့ 
အချိန်၊ နာရီတွေ ပြောင်းခဲ့ပေမဲ့
နေရက်တွေ၊ တစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးခဲ့ပေမဲ့....
ယနေ့ ချိန်ထိ မင်းကို
လွမ်းဆွေး တမ်းတနေရဆဲပါ ။
သတိရနေ့ စွဲတွေလည်း
ဒိုင်ယာရီမှာ ပြည့်နေဆဲပါ ။
မဖြစ်နိုင်မှန်း မဆုံဆည်းနိုင်မှန်း
သိနေခဲ့ပေမဲ့
မျော်လင့်ခဲ့သူပါ ။
မျှော်လင့်ခြင်းကမ်းပါးတွေ
မင်းနဲ့ အတူ ရေစီးတွေနဲ့ 
မျော်ပါသွားတော့ ပြိုပျက်ခဲ့ရပြီပေါ့.....
မျှော်လင့်ခြင်းတွေ ပျောက်ဆုံးသွားတဲ့အခါ
ရင်မှာ ခံစားချက်တွေ
ဝမ်းနည်းခြင်းနဲ့ အတူ ဆို့ နစ်ခဲ့ရပြီ
မှတ်မိဆဲ မှတ်ညာဏ်တွေလည်း
ခေတ္တ ရပ်ဆိုင်းခဲ့ရပြီပေါ့
စကားလေးတခွန်းကိုပေါ့
သတိရ လိုက်မိတယ်
"ကြင်သူလွမ်းနေရှာတော့မည်"
ဒို့ အတွက်တော့.....တသက်တာလုံးအတွက်ပေါ့
ထာဝရအလွမ်းတွေကို....
ပိုင်ဆိုင်စေခဲ့ရပြီ..............။

@ Nebula (J.S.Lu)
(civil)

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...