ဒီဇင်ဘာရေ..နှင်းရေ
ငါ..ကိုမနှစ်သိမ့်ပါနဲ့ တော့
တကယ်ဆို..
ဝေးရမှာကို ကြိုသိနေလည်း
နှုတ်ဆက်စကားငါမပြောချင်သေး
ကံတရားရယ် ရက်စက်လိုက်တာ
အဲ့....ဒီလိုနဲ့ ပဲ
အဖြစ်အပျက်တွေအထပ်ထပ်ပြိုလဲ
ဒီ..ဒီဇင်ဘာအလွန်လေးမှာ
မှိုင်း...ပြာ..ညိုး...ဝေ...စွာနဲ့ 
လမ်းခွဲကြယုံပေါ့ကွယ်
ထို....သို့ ဖြင့်
မှတ်တိုင်အိုလေးမှာကျောခိုင်းပြီးနောက်
ငါ၏အိမ်မက်တို့ သည်လဲအရောင်အဆင်းမဲ့ စေအံ့
ငါ၏မနက်ခင်းတို့ သည်လဲအရောင်အဆင်းမဲ့ စေအံ့
ငါ၏မြင်ကွင်းတို့ သည်လဲအရောင်အဆင်းမဲ့ စေအံ့
ထို့ နောက်...
ရင်မှာချည်နှောင်ထားသောကြိုးအပြာလေးတချောင်းကို
ငါကိုယ်တိုင်ဖြတ်တောက် ....
နင့်...လွပ်လပ်စွာပျံသန်းပါတော့ကွယ်...
နင့် ....လွပ်...လပ်...စွာ..ပျံ...သန်း..ပါ...လိုက်...ပါ...တော့..
@ Annonymous

No comments:
Post a Comment