Sunday, April 13, 2014
ဆည်းဆာနှင်းဆီ
မိန်းကလေးအမေ့ အိမ်ကို ရောက်လာတဲ့ အချိန်က နေ၀င်ရီတရောလေး--
သားက သူ့မွေးနေ့မို့ သူ့ သူငယ်ချင်းတွေကို ကျွေးမယ်ဆိုပြီး အမေ့ ကို မုန့် တီချက်ခိုင်းပြီး သင်တန်းသွားတက်နေ
တဲ့အချိန်ပေါ့ ---
ခြံစည်းရိုးရယ်လို့သတ်မှတ်ကာရံထားတဲ့ပုဏ္ကရိတ်ပန်းခြုံလေးကိုဖြတ်ပြီးပျဉ်ထောင်အိမ်လို့ပြောသာရုံသာရှိတဲ့ယိုင်တိုင်
တိုင်အိမ်အိုလေးရှေ့မှာ မိန်းကလေးရပ်နေတာကို မြင်လိုက်တဲ့အမေက အိမ်ရှေ့ထွက်ကြည့်လိုက်ပါတယ်--
ဒါ--ကိုထက်ဝေယံတို့အိမ်ပါလားရှင် --ဆိုတဲ့ ကြည်လင်ချိုသာတဲ့ မေးသံလေးနဲ့အတူ ဆည်းဆာရိပ်မှာ လင်းလက်နေတဲ့ 
မိန်းမချောလေးကို အမေ မှင်သက်စွာကြည့်နေမိပါတယ်--
သူကလေးက အမေ့ မျက်နှာကိုသေသေချာချာ မြင်လိုက်တဲ့အချိန်မှာပဲ သေချာပိုင်နိုင်တဲ့ အပြုံးလေးနဲ့ 
သမီးအိမ်ပေါ်တက်ခဲ့မယ်နော်---တဲ့ 
အို--မိန်းကလေးအသံကအမေ့ကိုတရင်းတနှီးရှိလှချည်လား--ဆိုတဲ့ အတွေးနဲ့အတူ အိမ်ပေါ်လှမ်းတက်လာတဲ့ 
မိန်းကလေးကို အမေ ငေးမောကြည့်မိတယ်-
ဝင်းစက်တဲ့နေတဲ့အသားအရည်၊ ကြော့ရှင်းတဲ့ကိုယ်ဟန် ၊မျက်နှာ သွယ်သွယ်လေး၊ မျက်လုံးလေးတွေက
အရေကြည်လဲ့ပြီးစူးတောက်လို့----
ဘာမှန်းမသိပေမယ့်   ဒီမိန်းကလေးမှာအရောင်တခု တောက်ပနေသလိုပဲ--
အမေသိသလောက် သားအသိတွေထဲမှာရော အမေ့ ပတ်ဝန်းကျင်မှာရော ဒီလို မိန်းကလေးမျိုးမရှိပါဘူး--
အဲဒီအချိန်တုန်းက အမေက လမ်းထိပ်ဈေးတန်းလေးမှာ မနက်ပိုင်းမုန့်ဟင်းခါးရောင်းပြီး ညနေအိမ်ရှေ့မှာ
ရခိုင်မုန့်တီချက်ေ၇ာင်းတယ်--
သမီးအကြီးမနောက်အိမ်ထောင်ပြုသွားလို့ထားရစ်ခဲ့တဲ့မြေးလေးကကျောင်းတက်ခါစအရွယ်--
သားလေးက လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းကအလုပ်ကအဆင်မပြေလို့ထွက်ပြီး နိုင်ငံခြားသွားဖို့ 
အသည်းအသန် လုံးပန်းနေရချိန်--
အမေ့တယောက်စာဝင်ငွေလေးနဲ့ရုန်းကန်နေရလို့အိမ်ရဲ့စာဝတ်နေရေးက  တော်တော်ခက်ခဲပင်ပန်းပါတယ်---
အိမ်ပေါ်မှာလဲ ဘာအိမ်ထောင်ပရိဘောဂမှ မရှိပါဘူး-
အမေ က ဖျာလေးခင်းပေးတော့  မိန်းကလေးက၀င်ထိုင်ပြီး ပြုံးပြပါတယ်-
" ဓါတ်ပုံထဲကထက် ပိုပိန်သွားတယ်နော်" သူ့အပြောကြောင့် အံ့သြလိုက်တာ--
" မိန်းကလေးက အမေ့ ကိုသိလို့လား"
" သိပါတယ်--ကိုထက်ဝေယံက အမေ့ ပုံကို အမြဲ အိတ်ထဲ ထည့်ထားလို့မြင်ဖူးတာပါ "
" အော်--ဟုတ်တယ်--သားလေးက အမေ့ ကိုသိပ်ချစ်တာလေ --တော်လဲအရမ်းတော်တာ--သိပ်ကြိုးစားတဲ့ ကလေး--
ခုလဲ အမေ ပင်ပန်းနေတာမကြည့်၇က်လို့  နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပိုက်ဆံတွေအများကြီး ရှာတော့မှာ--
ဒီနေ့ သူ့ မွေးနေ့ မို့ သူငယိချင်းတွေကို တတ်နိုင်သလောက် လေး ကျွေးချင်တယ်ဆိုလို့ အမေ မုန့်တီကောင်းကောင်း
လေးချက်နေတာ--သားက သင်တန်းကပြန်မလာသေးဘူးလေ-- အော်--ဒါနဲ့ မိန်းကလေးက အမေ့ သားသူငယ်ချင်း
မဟုတ်ဘူးလား-ဒီနေ့ သားခေါ်ထားတာလား"
မိန်းကလေးက ယဲ့ယဲ့ လေးပြုံးပြီး "သူက မဖိတ်ပါဘူးအမေရယ်" -- တဲ့ 
ကြေကွဲနာကျငိနေတဲ့ မျက်နှာနဲ့ မိန်းကလေးက သူ့လက်ထဲက နှင်းဆီပန်း နီစွေးစွေးပွင့်လေးတွေ ဖြန့်ကျဲထားတဲ့ 
ပါကင်စက္ကူစနဲ့ ထုတ်ထားတဲ့ အထုပ်လေးတထုပ် အမေ့ ကို ပေးပါတယ်-
" သူလာရင် ပေးလိုက်ပါနော်--သူ့ အတွက်မွေးနေ့ လက်ဆောင်ပါ"
အမေ့ လက်ထဲကို လေးထောင့်ခပ်မာမာအထုပ်လေးရောက်လာပါတယ်--
" မုန့်တီသောက်ရင်းသားကို စောင့်ပါလား--သားက နောက်နှစ်နာရီကျော်လောက်မှ ပြန်ရောက်မှာ"
" သူ့ ကိုတော့ မစောင့်တော့ပါဘူး--အမေ့ မုန့်တီကိုတော့ သောက်ချင်တယ် "
 "အေးအေး--ဒါဆို အမေ သွားပြင်လိုက်မယ်နော် "
အမေလဲ ကျက်ခါစ မုန့် တီဟင်းရည် ပူပူလေးနဲ့  ငရုတ်သီးစိမ်းတွေစပ်လို့ ရှူးရှူးရှဲရှဲ နဲ့ စားတဲ့ မိန်းကလေးကို
ကြည့်ပြီး အရမ်းသဘောကျမိတယ်-
-သားလေးနဲ့ ဘယ်လိုပတ်သက်ပါလိမ့် --
တခါမှလဲ ပြောသံမကြားဖူးပါဘူး--အိမ်လိုက်လာတတ်တဲ့ အဖွဲ့ ထဲမှာလဲ တခါမှပါလာတာ မတွေ့ပါဘူး---
အင်းလေ--သားကလဲ အမေ့ ကို ဘာမှတိုင်ပင်တာမှ မရှိတာ-
အမေနဲ့ တူလေးနှစ်ယောက် အတွက် အိမ်ထောင်ဦးစီးကြီးလို မားမားမပ်မပ်ရပ်နေတဲ့ သားကိုအမေက ယုံလဲယုံတယ်--
အထင်လဲကြီးတယ်--
သားကမာနကြီးပြီး  မြိုသိပ် ခံစားတတ်တဲ့ သူ -- မှန်တယ်ထင်ရင် နောက်မဆုတ်သူ--ဘယ်သူ့ သြဇာ
ဘယ်သူ့ လျွှမ်းမိုးမှု မှမခံချင်ဘဲ  ကိုယ့်စိတ်ကိုယ့်သဘောပြုမူချင်သူ-- ပဲလေ။
စားသောက်ပြီးတော့ မိန်းကလေးက အမေ့ ကိုနုတ်ဆက်ပြီးပြန်သွားပါတယ်--
"နေပါဦးလား--သားလဲပြန်လာတော့မှာပဲကို"
"နေပါစေ--သမီးပြန်တော့မယ်-- ဒီနေ့ အမေ နဲ့ တွေ့ရတာ ၀မ်းသာပါတယ်"
"သမီးနာမည်လေးပြောခဲ့ ပါလား--သားကိုပြန်ပြောပြ မလို့  "့
"နေပါစေ အမေ --သူ့ ကို ဒီလက်ဆောင်ထုပ်လေးပဲ ပေးပေးပါ--သွားတော့မယ်နော်"
သြော် -နာမည်လေးတောင် မပြောခဲ့နိုင်တဲ့ မိန်းကလေး-- သားနဲံ ဘယ်လိုများ ပတ်သက်နေပါလိမ့်--
နောက်နာရီဝက်လောက်ကြာတော့ သားက သူ့ သူငယ်ချင်းတအုပ်ကြီးနဲ့ ရောက်လာပြီး စားကြသောက် နဲ့ ဆူညံနေလို
့အမေလဲ ကိုယ့်ဘာသာ မီးဖိုချောင်ထဲကပဲ လိုတာလုပ်ပေးနေလိုက်ပါတယ်--
"ထက်ဝေယံကြီး မွေးနေ့ မှာ ပျော်ရွှင်ပါစေ-အမြန်ဆုံးနိုင်ငံခြားသွားနိုင်ပါစေ--ပြန်လာပြီး ချမ်းချမ်းသာသာနဲ့ 
စပါယ်ခြံပိုင်ရှင်ကြီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်--နော် ငွေစပါယ်ရေ "
သူငယ်ချင်းတွေက သားကို သူ့ သူငယ်ချင်းမလေး ငွေစပါယ်နဲ့  အမြဲ စနောက်နေတာ အမေသိပြီးသားပါ-
ကောင်မလေးကလဲ သားကိုဆို သိပ်အားကိုးတာ- ကြောက်လဲကြောက်ရှာတယ်--
သားက ငွေစပါယ်ဆို အရုပ်ပဲ-- နိုင်မှနိုင်-- သူ့ သြဇာညောင်းလို့ ဒီကောင်မလေးကိုတော့ သူ သဘောကျပုံပဲ-
ဖြူဖြူပိန်ပိန်လေးနဲ့ အမြဲတမ်းပြုံးနေတတ်တဲ့ ငွေစပါယ်ကိုခင်ပေမယ့် သားနဲ့ မလိုက်ဖက်ဘူးလို့ အမေကထင်တယ်-
သားလို ထက်မြက်ထူးချွန်သူ သူနဲ့ဆို ညနေကလာသွားတဲ့ မိန်းကလေးကမှလိုက်တာ--            
ဘာကြောင့်မှန်းမသိဘဲ အမေကလေ အမြဲခင်မင်နေတဲ့ ငွေစပါယ်ကို ကျော်ပြီးခဏလေးပဲ တွေ့ လိုက်ရသေးတဲ့ 
မိန်းကလေးကို ပိုပြီးနှစ်လိုနေမိတယ်--
အားလုံးပြန်သွားမှ မိန်းကလေးပေးတဲ့ အထုပ်လေးကို အမေက ပေးလိုက်တယ်
 "မိန်းကလေးတယောက်ပေးသွားတာ--သားအတွက်မွေးနေ့ လက်ဆောင်တဲ့ "
" ဘယ်သူလဲ-အမေ"
" နာမည်ပြောမသွားဘူး--အရမ်းလှတဲ့ မိန်းမချောလေး--သူ့မျက်လုံးတွေက တောက်ပနေတာပဲ "
အော--ဒီလောက်ပြောရုံနဲ့ သားက သိသွာ့းတဲ့ ပုံပေါ်တယ်--မနှစ်သက်တဲ့ ပုံစံနဲ့ --
" နေပါဦး သူက သားမဖိတ်ဘဲ အိမ်ကိုပိုင်စိုးပိုင်နင်းလာသွားပြီး အမေ့ ကို ဘာတွေပြောသွားသေးလဲ "
" ဘာမှမပြောပါဘူး--အမေက ဓါတ်ပုံ ထဲကထက် ပိန်သွားတယ်တဲ့ --
အမေ့ပုံကို သူ သားဆီက မြင်ဖူးတယ်တဲ့ ---လေ "
သားရဲ့ မျက်ဝန်းထဲမှာ အရိပ်တခု ဖြတ်သွားပြီးတချက်လေး မျက်နှာမိုင်းညို့ သွားတယ်---- ဒါဆိုမိန်းကလေးအတွက်
သားရင်ထဲမှာခံစားမှု တခုတော့ရှိမှာပါ--
ဒါပေမယ့် ဒီအရိပ်ကလေးက ခဏလေးပါ--ချက်ချင်း သားမျက်နှာတခုလုံး ကျောက်သားပြင်လို တင်းမာသွားတယ်--
" တွေ့လား--သူကသားမရှိတုန်း သားအိမ်ကိုလဲ လာသေးတယ်--အမေ့ကိုလဲ ပြောချင်တာတွေ ပြောသွားသေးတယ်--
ပိုင်စိုးပိုင်နင်းနဲ့ --အဲလိုလုပ်တာတွေကို သားက မကြိုက်တာ"
 " သားနဲ့ သူက ဘယ်လိုသိတာလဲ "
" အရင်သား သူဌေးနဲ့ ပြသနာဖြစ်လို့ အလုပ်ထွက်လိုက်တဲ့ အလုပ်က စာရင်းကိုင်ပါ "
" အော--သားအလုပ်ထွက်ထားတာ ခြောက်လကျော်နေပြီပဲ--သားမွေးနေ့ကိုလဲ သူမှတ်မိနေတယ်  --
သားအိမ်အသစ်ပြောင်းလာတာကိုရော သူဘယ်လိုသိတာလဲ "
" အဲဒါလဲ သားအံ့သြတယ်--စိတ်လဲတိုတယ် --သူ့ ကို သားဘာမှမပြောပြ ဖူးဘူး -
အမေလဲ သားအကြောင်းသိရဲံနဲ့ --- ကိုယ့်အိမ်ကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စတွေ သားဘယ်တုန်းက
သူများကိုပြောဖူးလို့လဲ-- ငယ်ငယ်ကတည်းက အဖေ ပစ်သွားလို့ ရုန်းကန်ခဲ့ ရတာတွေ၊
အမက မလိမ္မာဘဲ အိမ်ထောင်ပျက်ပြီး နောက်အိမ်ထောင်ပြုတော့ ကလေးနှစ်ယောက်ကို ပစ်ထားခဲ့တာတွေ-  
ပြောလဲမပြောချင်ဘူး-- အဲဒါ သူကသိပ်စပ်စုတာ-- သားမပြောတာတွေ သူ့ ဘာသာလိုက်စုံစမ်းပြီး သိတာ-
သိတောာ့လဲ ငြိမ်ငြိမ်နေတာ မဟုတ်ဘူး--သားကို နေရာတကာ ဝေဖန်ပြီး လိုက်အပြစ်ပြောနေတာ---
တခုခုငြင်းရင်တောင် သူ မနိုင်မချင်း ရအောင် စကားနိုင်လုပြောတာ--သူဌေးနဲ့ သားပြသနာဖြစ်တုန်ူးကလဲ သူက
သားကိုပဲ အပြစ်လာပြောနေ သေးတယ်--သားလဲအလုပ်ထွက်ခါနီး သူ့ကို ကောင်းကောင်းပြောပစ်ခဲ့တယ် "
"သားကိုကောင်းစေချင်လို့ စေတနာနဲ့ပြောတာနေမှာပါကွယ်"
--အမေက မိန်းကလေးဘက်က ရှေ့နေလိုက်မိတယ်--
"ဘာစေတနာဖြစိဖြစ်--သားမကြိုက်ဘူးအမေ-- သားက သားဘ၀ကိုဘယ်သူပဲ့ကိုင်တာမှ ခံချင်တာမဟုတ်ဘူး--
သားစိတ် သားသဘောနဲ့ သားဘ၀ကိုဖန်တီးမှာ--  မှန်တယ်မှားတယ်သားကိုဘာမှ လာမဝေဖန်နဲ့----
အပြစ်မတင်နဲ့ သားလုပ်ရပ်ကို ကျေနပ်လက်ခံပြီး ကူညီပံ ပိုးပေးမယ့်သူပဲ --သားလိုချင်တာ"
အော်--သားက ဒါကြောင့်ငွေစပါယ်ကိုေ၇ွးချင်နေတာကိုး-- သူထားရာနေ စေရာသွားမယ့် သူမျိုးပေါ့ --
အင်း--အတ္တကြီးလိုက်တဲ့ သား--
"ဘာလက်ဆောင်လေးလဲ -ဖောက်ကြည့်ပါလား "
အမေပြောမှ သားကလက်ဆောင်ထုပ်ကို ဖောက်ကြည့်တယ်--
ဖေမြင့် ဆိုတာလေးပဲ အမေမြင်လိုက်ရတယ်---သားက စာအုပ်ကို ဆွဲထုတ်ပြီး ခေါင်းစဉ်ကို ကြည့်ရင်း--
"တွေ့ လား--လက်ဆောင် ပေးတာတောင်  ဆုံးမတဲ့ စာအုပ်မှပေးတာ--အဲဒါတွေ စိတ်တိုရတာ "
ကောင်းစေချင်တဲ့  စေတနာကို သားကမမြင်တတ်ဘူးပဲ-
အမ့သားလေးဟာ-- အရာရာထက်မြက်ထူးချွန်သလောက် စိတ်ဓါတ်မာကြောပြီး တယူသန်ဆန်တတ်တယ်--
လောကဓံရဲ့ တိုက်ခိုက်မှုကို ငယ်ငယ်လေးနဲ့ ရင်ဆိုင်ခံစားခဲ့ ရတဲ့ သားရဲ့ နှလုံးသားတွေဟာ ချစ်ခြင်းမေတ္တာတရားရဲ့ 
နူးညံ့သိမ်မွေ့ မှုကို ခံစားတတ်ပါ့ မလား--
အမေသက်ပြင်းချလိုက်မိတယ်-- မိန်းကလေးရယ်-မင်းအတွက် အမေစိတ်မကောင်းပါဘူး---
 Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သားနိုင်ငံခြားထွက်သွားဖို့ တရက်အလို--သားမရှိတဲ့ဆည်းဆာချိန်လေးမှာ မိန်းကလေးဒုတိယအကြိမ် ရောက်လာတယ်
လက်ထဲမှာ လဲ လက်ဆောင် ထုပ်ကြီးနဲ့ --
"အမေ --သူ မနက်ဖြန် သွားတော့မယ်ဆို"
"ဟုတ်တယ်သမီး "
" သူ့ အတွက်လိုအပ်မယ် ထင်တာလေးတွေပါ---ပေးပေး ပါနော် "
အမေ့လက်ထဲကို လက်ဆောင်ထုပ်အပ်ပြီး မိန်းကလေးက ချက်ချင်းပြန်သွားတယ်--
အမေ့ရင်ထဲမှာ မိန်းကလေးကို သနားနေမိတယ်--
သားနဲ့ ပတ်သက်တာတွေကိုအမြဲ လိုက်စုံစမ်းနေတာ -- သားမကြည်ဖြူမှန်း သိရက်နဲ့ လက်ဆောင်လေးတွေ
လာပေးတာဟာ တော်ရုံမေတ္တာမဟုတ်ဘူး-- သူ့ ရင်ထဲမှာ သားအမြဲရှိနေပုံပဲ--
ဒါပေမယ့်သားက သူ့ဘ၀ခရီးဖော်ကို ဦးနှောကိနဲ့ရွေးချယ် ပြီးသွားပါပြီ--
ငွေစံပါယ်နဲ့သားချစ်သူတွေ ဖြစ်နေကြပြီလေ--
သားနိုင်ငံခြားသွားဖို့လိုတဲ့ အရင်းအနှီးကိုလဲ ငွေစပါယ် မိဘတွေကပဲထုတ်ပေးတာ--
ခုလဲ သားနဲ့ ငွေစပါယ် ဘုရားသွားကြတာ--
ညဘက်သားနဲ့ အတူ ငွေစပါယ် လိုက်လာပြီး သားအတွက် ခရီးဆောင်အိတ်တွေပြင်ပေးတယ်--
ပစ္စည်းထည့်တာ ကအစ သားပြောတဲ့အတိုင်းတသွေမတိမ်းလုပ်ပေးနေတဲ့ ငွေစပါယ် ကိုကြည့်ရင်း
မိန်းကလေးကို အမေသတိရနေမိတယ်--
ငွေစပါယ်ပြန်သွားတော့ မှ အမေ က လက်ဆောင်ထုပ်ကိုပေးလိုက်တယ်--
သားကစိတ်ရှုပ်တဲ့ မျက်နှာနဲ့ အထုပ်ကို မဖောက်ဘူး--့ --
"သားမယူချင်ဘူးအမေ "
ဒီစကားတခွန်းပဲပြောပြီး သားက လိုအပ်တဲ့ ပစ္စည်းတွေစစ်ပြီး အိပ်ယာဝင်သွားပါတယ်--
မနေနိုင်တဲ့ အမေ က လက်ဆောင်ထုပ်လေးကို ဖောက်ကြည့်မိတယ်--
ပရိတ်ကြီး၁၁သုတ်နဲ့ ၂၄ပစ္စည်းပဌာန်းဂါထာတော်စာအု့ပ်နဲ့ တရာ့းခွေလေးရယ်-- ဘာလချောင်ကြော် ဘူးလေးရယ်
ကျောက်စိမ်း စိတ်ပုတီးလေးရယ်-- Provimin အားဆေးပုလင်းလေးရယ်--
သား အိပ်ယာဝင်တိုင်း ပုတီးစိပ်တတ်တာ၊ ဘာလချောင်ကြော်ကြိုက်တာ၊ Provimin အားဆေးသောက်တာ --
အားလုံးကို မိန်းကလေးသိနေတာပဲ--
ရည်းစားရှိပြီးတဲ့ သူတယောက်ကို လက်ဆောင်ပေးတာမကောင်းပေမယ့် သူပေးတဲ့ ပစ္စည်းလေးတွေက
ဘာမှမြူဆွယ်ဖြားယောင်းမှုမှ မပါတာပဲ-သားသုံးသင့်တယ် -- လို့ အမေကယူဆပြီး သားမသိအောင် အိတ်ထဲကို
ထည့်ပေးလိုက်ပါတယ်-- နောက်နေ့  သားကို လေဆိပ်လိုက်ပို့ပြီး ပြန်လာတော့ အမေလေ သားေ၇ှ့ မှာ ထိန်းထားရ
သမျှဖွင့်ချပြီး ၀မ်းနည်းအားငယ်ပြီး တနေကုန် ငိုနေမိတယ်---အမေ့ သားလေးနဲ့ အမေ သုံးနှစ်ကြီးတောင်ခွဲရမှာ--
သားလေးဓါတ်ပုံလေးကို ကြည့်ပြီး အမေ့ မျက်ရည်မခန်းခင်မှာ မိန်းကလေးရောက်လာတယ်--
" အမေ -- သူ သွားပြီပေါ့ နော်"
အို-- သားဓါတ်ပုံလေးကို ကြည့့်နေတဲ့ မိန်းကလေးမျက်ဝန်းထဲမှာလဲ မျက်ရည်စတွေနဲ့ပါလား--
အမေတို့နှစ်ယောက်ဟာ ဘာစကားမှမပြောဘဲ နာရီပေါင်းများစွာ နေနေမိတာ နေ၀င်ဆည်းဆာချိန်ရောက်တဲ့
အထိပဲ--ဒီတော့မှ မိန်းကလေးက --" သမီးပြန်တော့မယ် အမေ"
" နေပါဦးမိန်းကလေးရယ်-- မင်းနာမည်လေးတော့ အမေ့ကိုပြောခဲ့ပါ"
" သမီးနာမည် -နှငိးဆီ--ပါအမေ"
" သားနဲ့ ပတ်သက်တဲ့ မင်းရင်ထဲက ခံစားမှုတွေအတွက် အမေစိတ်မကောင်းပါဘူး--
ဒါပေမယ့် ခု သားလေးမှာ သက်ဆိုင်သူရှိနေပြီကွယ့် "
" ငွေစပါယ်ကို သူရွေးလိုက်တာ သမီးသိပါတယ်အမေ"
" အော-မိန်းကလေးကဒါလဲ သိတာပဲလား "
" သိပ်ါတယ်အမေ--လွန်ခဲ့တဲ့သုံးနှစ် သမီးတို့ အလုပ်ကို သူရောက်လာပြီးတဲ့ အချိန်ကစပြီး ခုချိန်ထိ
သူ ဘာတွေလုပ်တယ်--ဘာတွေဖြစ်တယ်ဆိုတာ သမီး အကုန်လုံးသိတယ်အမေ"
" အဲဒီတုန်းကသူနဲ့ သမီး သိပ်ရင်းနှီးပါတယ်--တရုံးလုံးမှာ အခင်ဆုံးပါ--
အလုပ်ကြိုးစားပေမယ့် ဘယ်သူနဲ့မှသိပ်စကာားးမပြောတဲ့ လူမှုဆက်ဆံရေးညံ့တဲ့ ဂျစ်ကန်ကန်ကောင်လေးကို
သမီးကသိပ်ပြီး ကောင်းစေချင်ခဲ့တာ--- သူကသူ့အကြောင်းတွေ မေးရင်မကြိုက်ဘူး--အမြဲလျှို့ဝှက်ထားတတ်တယ် -
ယုတ်စွအဆုံး အမေ့ ဓါတ်ပုံလေး သူ့ အိတ်ကပ်ထဲမှာတွေ့ လို့ မေးတာတောင် မကြိုက်ဘူးလေ"
" သားလေးက သူ့ ဘ၀သူ သိမ်ငယ်နေတာပါသမီးရယ်--အဲဒီတုန်းက သူပြောပါတယ်--
သူအလုပ်လုပ်ရတဲ့ ရုံးမှာက ပြည့်စုံချမ်းသာတဲ့ သူတွေများတယ်တဲ့ --အပြိုင်အဆိုင်တွေကြားမှာ သူ့ ဘ၀အမှန်ကို
ထုတ်ပြောရင် သူ့ ကို လူတွေက နှိမ်လိမ့် မယ်တဲ့ "
" သူ အဲလို တွေးတာကိုကမဟုတ်တာပါ-- သူ့မှာအရည်အချင်းရှိလို့ ပဲ နေရာတခု ကိုရထားပြီပဲ-
လူကြားထဲမှာနေတာ ကဲ့ရဲ့ဝေဖန်တာတွေ ခံရမှာပဲလေ--ကိုယ့်ဘ၀ကိုယ်ချမပြရဲတာကိုက သူမှားတာ"
"သမီးက သားလေးဘ၀ကိုဘယ်လောက်သိလို့လဲကွယ်----- သူ့အဖေက သူ သုံးနှစ်သားလေးကတည်းက
အမေတို့ကို ပစ်သွားတာ--ပစ်သွားတာမှ လုံးဝထောက်ပံ့ပေးကမ်းးခြင်းကို မရှိတာပါ--
အမေကလေ သမီးနဲ့ သားကို ဈေးရောင်းပြီးကျောင်းထားပေးခဲ့တာ-
သားလေးက သူ့ ဘ၀သူသိလို့ ကြိုးစားပေမယ့်  အကြီးမကြီးက မလိမ္မာဘူး--စရိုက်လဲကြမ်းတယ်-
စာကောင်းကောင်းမသင်ဘဲ ယောင်္ကျားလိုက်လိုက်ပြေးတယ်-သူယူတဲ့ လူက မိန်းမရှိတယ်လေ-
သားဆို ရှကိလွန်းလို့  သူ့ အမကို လုံးဝ အဆက်အသွယ်ဖြတ်ထားတာ-- ဒါပေမယ့် ကလေးလဲမွေးပြီးရော
သူ့ယောင်္ကျားနဲကွဲပြီး ကလေးနဲ့ အမေ့ အိမ်ပြန်ရောက်လာတယ်--ကိုယ့်တူလေးပ်ါလာတယ် ဆိုပြီး
သားကပြန်လက်ခြံ့ပီး အမနဲ့တူကိုပါ လုပ်ကျွေးခဲ့တာ--
ဒါပေမယ်သူ့အမက နောက်တခါအိမ်ထောင်ပျက်တယောက်နဲ့ ထပ်တွေ့တော့ အမေတို့အိမ်မှာ သူ့သားကို
ထားခဲ့ပြီး လိုက်ပြေးသွားတာ ခုထိပဲ---- တခါမှပြန်လာကြည့်ဖော် မရဘူးလေ--သားလေးမှာ လူပျိုလေးတန်မဲ့နဲ့ 
တူလေးကို ခုအရွယ်ေ၇ာက်တဲ့ အထိ ကျွေးမွေးစောင့်ရှောက်လာရတာ"
" အဲဒါလဲသမီးသိတယ်အမေ-- ဒါပေမယ့် သူပြောပြတာမဟုတ်ဘူး-- သမီးဘာသာစုံစမ်းပြီး သိတာပါ-
ဒီလို သမီးသိသွားတာကိုပဲ သူက ရှက်ပြီး သမီးကို စိမ်းသွားတယ်လေ--အရင်လို ခင်ခင်မင်မင် မဆက်ဆံတော့ဘူး
အဲဒါကိုပဲ သမီးကမကြိုက်တာ--ဒါကိုယ့်ဘ၀မှန်ပဲလေအမေ "
" သားက နဂိုထဲက မာနကြီးတယ်သမီးရဲ့ --ခုလက်ရှိရောက်နေတဲ့ သူ့ ဘ၀ကို ဘယ်သူမှချမပြဘဲ ကြိတ်ပြီး
ကြိုးစားနေတာလေ-- သူပြည့်စုံချမ်းသာတာကိုပဲ လူတွေ မြင်စေချင်တာ "
" ဒါကိုက သူမှားတာပေါ့ အမေ --ဖြစ်ပျကိခဲ့သမျှတွေဟာ သူ့ အမှား မှ မဟုတ်တာပဲ-- တာဝန်မကျေတဲ့ အဖေ ၊
စရိုက်မကောင်းတဲ့ အမ - ဒါတွေကို သူရွေးချယ်လို့မှ မရတာ--ဘ၀ကံကြမ္မာကပေးတဲ့ အတိုင်း သူလက်ခံရဲရမှာပေါ့  "
အို--တော်လိုက်တဲ့မိန်းကလေး---
ဒီစကားတွေဟာ သားလေးကို အမေ မပြောရဲလို့ ရင်ထဲမြိုသိပ်ထားခဲ့ရတဲ့ စကားတွေပါ--
" သားက သူနဲ့ အတိုက်အခံပြောရင် မကြိုက်ဘူးသမီးရဲ့ "
" ဟုတ်တယ်အမေ --သမီးကိုလဲ သူ အဲဒါကြောင့် ရှောင်သွားတာလေ--သမီးက သူ့လုပ်ရပ်ကို ဝေဖန်တာကိုး--
ဒီလိုနဲ့ ပဲ သူနဲ့ သမီးဝေးဝေးသွားတာ--သူအလုပ်ထဲမှာပြသနာဖြစ်တော့ သူ့ ဘက်ကသူဌေးကို အထင်လွဲပြီး ပြန်ပြော
နေလို့  သမီးက အကျိုးအကြောင်းရှုင်းပြတာကို-- သူ့ကိုနှိမ်ပြီးသူဌေးဘက်လိုက်တယ် ဆိုပြီး သမီးကိုစိတ်နာသွားတယ်
အလုပ်ထွက်တာတောင် သမီးကို နှုတ်မဆက်သွားဘူး--သူသိပ်ရက်စက်ပြီး အသည်းမာတာပဲ အမေရယ်"-
မိန်းကလေးကပြောရင်းရှိုကိငိုနေပါတယ်--
" သမီးလေ--သူ့ ကိုသိပ်ကောင်းစေချင်ပါတယ် အမေ -- သူဖြစ်စေချင်သလို သူ့ ဘ၀ကို တိုးတက်ချမ်းသာစေချင်တယ်
သူ ပျော်ရွှင်နေစေချင်တယ်- အမြဲလူဘုံအလယ်မှာ ဂုဏ်ယူ ၀ံ့ကြွားနိုင်တဲ့ သူဖြစ်စေချင်ပါတယ်---
ဒါပေမယ့်သမီးစေတနာတွေ သူ့ကိုပြခွင့်မရခဲ့ဘူး-- သူမြင်သွားတာက သူ့အကြောင်းတွေလိုက် စပ်စုပြီးသူ့ကိုအမြဲ
ဝေဖန်အပြစ်တင်နေတဲ့ မိန်းမ ပေါ့ "
" ကြားရတာအမေ စိတ်မကောင်းပါဘူးကွယ်--သားက သူလုပ်သမျှလက်ခံပြီး သူ့ သြဇာညောင်းမယ့် သူကိုပဲ
ရွေးချယ်လိုက်တာ--ငွေစပါယ်ကလေ သားဒါဆို ဒါပဲ"
" ကောင်းပါတယ်အမေ-- ငွေစပါယ်အကြောင်း သမီးစုံစမ်းပြီးပါပြီ---- သူဌေးသမီးလေးပေမယ့် သိပ်အေးဆေး
သိမ်မွေ့ပါတယ်--သူ  ထားရာနေ စေရာသွားမယ့်သူမျိုးပါ--သမီးကျေနပ်ပါတယ်-- သမီးလေ--သူ နဲ့ မပတ်သက်ပေ
မယ့့်အမေ့ ဆီတော့ လာလို့ရတယ်မဟုတ်လားဟင်"
" ရပါတယ် သမီးရယ်--အမေကလေ သမီးကိုမြင်မြင်ချင်းကို ရင်းနှီးသွားတာ"
" အဲဒါ သမီးအမေ့ ပေါ်ထားတဲ့ မေတ္တာကြောင့်ဖြစ်မှာပေါ့ အမေရဲ့ "
မိန်းကလေးရဲ့မျကိနှာလေးမှာ အပြုံးပွင့်လေးပြန်ပေါ်လာတာ အမေသိပ်ဝမ်းသာတာပဲ--
ဆည်းဆာချိန်မှာ မျက်ရည်တွေ သုတ်ပြီးပြန်သွားတဲ့ မိန်းကလေးရဲ့ကျောပြင်လေးကိုကြည့်ပြီး
ဘ၀ဇာတ်ဆရာဆိုသူကြီးကို အမေဟာ အကြိမ်ကြိမ်အပြစ်တင်နေမိပါတယ်-
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သားလေးမ၇ှိတဲ့ နှစ်တွေမှာ အမေ နဲ့ နှင်းဆီဟာ ပိုပြီး ရငိးနှီးတွယ်တာလာတယ်--
ချွေးမလောင်းဖြစ်မယ့် ငွေစပါယ်ကိုလဲ အမေခင်ပါတယ်----သူကလဲ အမေ့ဆီ လာလာကြည့်တတ်ပါတယ်-
နေ့ခင်းဆို ငွေစပါယ်လာတတ်မှန်းသိလို့ေ၇ှာင်ပြီးဆည်းဆာချိန်ခပ်မှောင်မှောင်လေးမှ နှင်းဆီက လာတတ်တယ်--
ဘယ်ဘ၀ရေစက်လဲတော့မသိဘူး- နှင်းဆီကိုပဲ  သမီးလေးလို အားကိုးချစ်ခင်နေမိတယ်-
အမေ့ဆီ သူလာတတ်တဲ့ ဆည်းဆာချိန်လေးတွေကို အမေမျှော်နေမိတတ်တယ်--
သားလေးဆီက ငွေပို့တဲ့အခါလဲ  နှင်းဆီက အကုန်စီမံပေးတယ်--
အိမ်ဈေးဖိုးကိုခြွေတာသုံးပြီး အမေ့ ကိုပိုက်ဆံ စုပေးတယ်----စုငွေလေးအတန်အသင့် ရှိလာတော့
အမေ့ ကို အိမ်ဆိုင်လေးဖွင့်ခိုင်းပြီး လိုအပ်တာတွေ သူ ကူညီပေးတယ်-
ဘယ်ပစ္စည်းလေးတင်ရင် ရောင်းကောင်းမှာ----ဆိုင်ကို ဘယ်လိုပြင်ဆင်ရတာ --
စသဖြင့် နှင်းဆီအကြံပေးတဲံအတိုင်း အမေလုပ်ခဲ့တာ တနှစ်ကျော်အတွင်းအမေ့ဆိုင်က ပိုက်ဆံနဲ့ပျဉ်ထောင်အိမ်ကြီး
ပြင်ဆောင်နိုင်ခဲ့တယ်----သားလေးကတောင် အဝေးကနေ အမေ့ကို အံ့သြ ၀မ်းသာနေတယ်လို့ ငွေစပါယ်ပြန်ပြော
ပြခဲ့တယ်----သားသိတဲ့ အမေက အေးအေးကုပ်ကုပ်နဲ့  ဘာမှသိပ်နားမလည်--လူတောမတိုးတဲ့ အမေလေ--
နှငိးဆီရှိတဲ့အတွက် သားနဲ့ဝေးနေးတဲ့ သုံးနှစ်တာဆိုတဲ့ အချိန်ကို အမေ ကျန်းမာပျော်ရွှင်စွာဖြတ်ကျော်နိုင်ခဲ့တယ်--
သားဆီကပို့လိုက်တဲ့ ဓါတ်ပုံတွေ ငွေစပါယ်လာပို့တဲ့အခါ နှငိးဆီကို ခေါ်ပြပြီးးအလုပ်ထဲမှာအဆင်ပြေပြီး
ပျော်ရွှင်တက်ကြွနေတဲ့ သားပုံတွေကို့ နှစ်ယောက်သားအတူကြည့်ပြီး ကြည်နူးမိတယ်-
" သမီးဝမ်းသာလိုက်တာအမေရယ်-- သူကလေ အဲလိုလူပုံအလယ်မှာ သူ့အရည်အချင်းကိုပြပြီး အောင်မြင်ချင်တာ--
ငွေတွေအများကြီး ရှာချင်တာလေ--သူ့ ရည်ရွယ်ချက်တွေ ပြည့်တော့မှာပေါ့"
သားလေးရည်ရွယ်ချက်တွေ တကယ်လဲပြည့်ခဲ့ပါတယ်--
အမေက ကိုယ့်ဆိုင်ရဲ့ ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်လာတော့ နှင်းဆီက သားပေးတဲ့ ငွေတွေကို မသုံးဘဲစုထားခိုင်းတယ်
" သူပြန်လာလို့ မင်္ဂလာဆောင်ရင် ပိုက်ဆံကုန်မှာပဲလေ--သူက ကြီးကြီးကျယ်ကျယ်လုပ်ချင်မှာ-
ဒီခေတ်မင်္ဂလာဆောင်စရိတ်က နည်းတာမဟုတ်ဘူး--ခမ်းခမ်းနားနားမလုပ်ပေးနိုင်ရင်လဲ တော်ကြာ ယောက္ခမတွေ
ဘက်ကပြောနေဦးမယ်"
သားအတွက်တွေးပေးနေတဲ့ မိန်းကလေးကိုကြည့်ပြီး အမေစိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်ဝဲမိတယ်--
ဒါပေမယ့် --အမေ ဘာမှမတတ်နိုင်ခဲ့ပါဘူး--
သားလေးပြန်လာခါနီးတော့  နှင်းဆီကအမေ့ ဆီအလာကြဲသွားတယ်--
နောက်ဆုံး--ဆည်းဆာချိန်တရက်မှာ အမေ့ ကိုနုတ်ဆက်တယ်--
" နောက်ဆိုအမေ့ဆီ သမီးမလာတော့ဘူးနော် "
" ဘာဖြစ်လို့လဲသမီးရယ်--သားမှပြန်မလာ သေးတာ "
" ခု ငွေစပါယ်ကနေ့ တိုင်းလာနေတယ်လေ-- သူပြန်လာရင်လဲ အမြန်ဆုံးမင်္ဂလာဆောင်ပေးဖို့ ငွေစပါယ့်မိဘတွေ
က စီစဉ်နေပြီ---- လက်ထပ်ပြီးရင်လဲ သူလုပ်ချင်တဲ့ လုပ်ငန်းထောင်ပေးမယ်ပြောတယ်"
" သမီးကသိလှချည်လား--အမေ့ ကိုတောင် ငွေစပါယ်က ဘာမှမပြောထားဘူး"
" ငွေစပါယ်တောင်သိပ် မသိသေးပါဘူး--သမီးက သူ့ အတွက်မို့ သေချာလိုက်စုံစမ်းထားတာ--
သူ့ပြန်လာရင် ပန်ခင်းလမ်းကြီးက ကြိုနေပါပြီအမေ--သူဖြစ်စေချင်တဲ့ ဘ၀မျိုးရတော့မှာပါ--သမီးသိပ်ဝမ်းသာပါတယ်
သူ့ဘ၀အတွက် စိတ်ချရပြီဆိုတော့ သမီးလဲ သမီးဘ၀အတွက်လုပိရမှာတွေ ရှိသေးတယ်လေ"
" အော်-သမီးက ပြည့်စုံပြီးသား မဟုတ်လားကွယ်"
"ဟဟ--အမေကတောင် သမီးကို အထင်ကြီးနေတာကိုး----သူလဲသမီးဘ၀မှန်ကို သိပ်မသိသွားပါဘူး-
သူ့ဘ၀ကိုပဲ ဖုံးကွယ်ချင်နေပြီး သူ့ ဘ၀မှအဆိုးဆုံးလို့ထင်ခဲ့တာလေ"
" ဒါဆို --သမီးဘ၀ကရော မပြည့်စုံဘူးလားကွယ်"
" သမီးက မိဘမဲ့ပါ အမေ-ငယ်ငယ်ယ်လေးကတည်း သီလရှင်ကျောင်းမှာနေပြီး ပညာသင်ခဲံရတာပါ-
ဆယ်တန်းအောင်တော့မှ အဲဒီသီလရှင်ကျောငိးကထွက်ပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်ခဲ့တာ"
" အို--အမေ မထင်ဘူသမီးရယ်--သမီးပုံစံကလေ အမြဲတက်ကြွရွှင်လန်းပြီးအရာရာပြည့်စုံနေသလိုပဲ"
 "ဒါ-သမီးရဲ့ဘ၀နေထိုင်မှူပါ အမေ--ကိုယ်ဖန်တီးယူလို့မရတာတွေအတွက် ဘာလို့အားငယ်ဝမ်းနည်းပြီး
မကျေမနပိဖြစိနေရမှာလဲ---- ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်အ၇ည်အချင်းတွေနဲ့ ကိုယ့်တန်ဖိုးကိုယ်သိရင်
လောကအလယ်မှာ ရဲဝံ့ပါတယ်အမေ--ဘာမှသိမ်ငယ်စရာမလိုပါဘူး"
တော်လိုက်တဲ့ မိန်းကလေး--အသိဥာဏ်ရင့်ကျက်တည်ငြိမ်ပြီး ဘ၀မှာတန်ဖိုးရှိအောင် နေတတ်တဲ့မိန်းကလေး
ဒီမိန်းကလေးမျိုးနဲ့ဝေးရတာ အမေနှမြောလိုက်တာ-
ဆည်းဆာအမှောင်ရိပ်မှာ ဝေးသွားတဲ့ မိန်းကလေးရဲ့ကျောပြင်လေးကို ငေးကြည့်ရင်းရင်နင့်စွာနဲ့ 
အမေ့ မျက်ရည်တွေ ပါးပြင်ပေါ် တလိမ့်လိမ့်စီးကျလာပါတယ်--
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီနေ့ သားလေးမင်္ဂလာဆောင်တဲ့ နေ့ --
ခမ်းနားတဲ့ ဟိုတယ်ကြီးမှာ သားလေးမင်္ဂလာပွဲကလဲ စည်ကားလှပါတယ်--
လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ သားမျက့်နှာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ တောက်ပ၀ံ့ကြွားနေပါတယ်--
ငွေစပါယ်လေးကလဲ သားကိုအရိပ်တကြည့်ကြည့်နဲ့ ပျော်လို့ -- သားသူငယ်ချင်းအပေါင်းအသင်းတွေကလဲ ပျော်လို့
အားလုံးပျော်ရွှင်နေတဲ့ အချိန်မှာ တစုံတယောက်ကို သတိရြ့ပီး အပြည့်အ၀မပျော်နိုင်သူက အမေပါ--
သားလေးပြန်ရောက်ပြီးကတည်းက နှင်းဆီဟာ အမေ့ ကို လုံးဝအဆက်အသွယ်ဖြတ်သွားလိုက်တာ--
သားမင်္ဂလာဆောင်ဖို့ စီစဉ်ကြတော့ အမေ့ မှာ သတိရလွန်းလို့ သားလေးမသိအောင် ကြိတ်ငိုခဲ့ရတယ်--
ခုနေ -- ဘယ်ဆီများရောက်နေပါလိမ့်--
သားလေးမင်္ဂလာဆောင်တာကိုရော သိရဲ့ လား--
သားဖိတ်စာဝေတဲ့ စာရင်းထဲမှာ နှင်းဆီ ဆိုတာ မပါဘူး--
မိန်းကလေးရယ်--မင်းရဲ့မေတ္တာတရားတွေကြောင့် ဒီဘ၀မှာချစ်ကံခေပေမယ့် နောက်ဘ၀တွေမှာ
ချစ်သူနဲ့ ပျော်ရွှင်ရမှာပါ----အမေ ရင်နာစွာနဲ့ ဆုတောင်းနေတဲ့အချိန်မှာပဲ ဟိုတယ်က ကောင်လေးတယောက်က
အမေ့ လက်ထဲကို နီစွေးနေတဲ့ အသည်းပုံဖော်ထားတဲ့ နှင်းဆီပန်းစည်းကြီး လာပေးပါတယ်--
" လှလိုက်တာ--ဘယ်သူပေးတာလဲကွယ်"
" မသိဘူးခင်ဗျ--စာလေးနဲ့အတူ သတို့သားအမေကို ပေးလိုက်ပ်ါဆိုပြီးပေးသွားတာ"
ကောင်လေးပေးတဲ့စာကိုအမေဖတ်လိုက်တော့ -
" အမေ --နေကောင်းတယ်နော်- -- သမီးလဲ ဘ၀ကို ကျေနပ်ပျော်၇ွှင်စွာဖြတ်သန်းနေပါတယ်--
သူ့အတွက် သမီးရဲ့လက်ဆောင် ပန်းစည်းလေးပါ----သမီးပေးတာလို့ သူမသိပါစေနဲ့ အမေ-
သူမင်္ဂလာယူနေတဲ့အချိန်မှာ ဘာမှအနှောင့်အယှက်မဖြစ်စေချင်ဘူး-"
နာမည်ရေးမထားတဲ့ စာလေးတစောင်ထားခြဲ့ပီး မိန်းကလေးထွက်သွားပြီပေါ့ ---
အမေဟာ တုန်ရင်နေတဲ့ ရင်ကို ထိန်ြး့ပီး နှင်းဆီစည်းကြီးကို ကိုင်ပြီးသားတို့ ထိုင်နေတဲ့ စင်မြင့်ကိုတက်လာခဲ့ပါတယ်--
တအံ့တသြ ကြည့် နေတဲ့ သားနဲ့ ငွေစပါယ်ကိုအမေကပြုံးပြလိုက်ပြီး--
" သားတို့အတွက် အမေ မှာထားတာ--လာပို့တာနောက်ကျနေလို့ ကွယ်--ဒီဖလားလေးထဲမှာ အမေစိုက်ပေးခဲ့မယ်နော်"
"လှလိုက်တာအမေရယ်--ကျေးဇူးတင်ပါတယ်"
ပန်းစည်းလေးစိုက်ပေြး့ပီး စင်မြင့်ထက်ကအဆင်း အမေ့ မျက်ဝန်းက မျက်ရည်တစက် လွင့်စင်ကျသွားပါတယ်--
ကိုယ့်ကိုယ်ကိုထက် လူတယောက်ကိုစေတနာထားခဲ့ တဲ့ မိန်းကလေး--
မပိုင်ဆိုင်ရပေမယ့် ကိုယ်ချစ်တဲ့ လူတယောက်ရဲ့ဘ၀ကို လိုအပ်တာဖြည့်ဆည်းပေးချင်ခဲ့တဲ့ မိန်ကလေး--
ချစ်တဲ့သူရဲ့ မိခင်ကို စောင့်ရှောက်ပေးခဲ့တဲ့မိန်းကလေး--
လူမသိသူမသိပေးခဲ့ရတဲ့ မေတ္တာတွေအတွက်ဝမ်းမနည်းဘဲ မုဒိတာပွားနိုင်ခဲ့တဲ့မိန်းကလေး--
မိန်းကလေးရယ်--မင်းရဲ့မေတ္တာတရာတွေကြောင့် ဘ၀မှာ ဆည်းဆာချိန်တွေ ကုန်ဆုံးပြီးအာရုဏ်ဦးချိန်
ခံစားနားလည်တတ်ပါစေ--
သန္တာအောင်
--
No comments:
Post a Comment
Featured Post
နေ့များအကြောင်း
ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...