ဟိုတစ်ချိန်တုန်းကတော့
********
ရင်နှင့်မက ချစ်ခဲ့ပါတယ်နော်
*********
နင်စိတ်ဆိုးမှာ ကို မလိုလားခဲ့သလို
နင့် မျက်နှာလေး ညှိုးသွားမှာ ငါ စိုးရိမ်ခဲ့တာပါ
နင်ကတော့ ငါ ဘာပဲဖြစ်နေနေ အပြုံးမပျက်ခဲ့ပါဘူးဟာ
ငါ က နင့် ကို အပြုံးမပျက်စေခဲ့ သလို ...........
နင် ကလည်း ငါ့ ကို အငို မရပ်စေခဲ့ပါဘူး
ငါ က အမြဲထာဝရ နင့် အတွက် ဖြစ်နေခဲ့ပေမဲ့
နင့် ကတော့ အမြဲထာဝရ သူများအတွက် ဖြစ်နေခဲ့တယ်နော်
ငါ အမြဲ နင့် ကို ခွင့်လွှတ်ချစ်နဲ့ ချစ်နေပေမဲ့ ..........
နင်ပြောခဲ့တဲ့ စကားတစ်ခွန်း က ငါ့ ကို နာကျင်စေရုံ မက
ငါ့ရင်ဘက်ကြီးတခုလုံးကိုပါ ထိခိုက်စေခဲ့တယ်နော်
နင့် ကို ဘယ်လောက်ပဲ ချစ်ခဲ့ပါစေ
ငါ့ သိက္ခာတော့ အစွန်းထင်းမခံနိုင်ဘူး
"မကောင်းတက်လို "့ဆိုတဲ့ 
နင့် ရဲ့ စကားတွေ ကို ငါ ကြားယောင်တိုင်း .............
ငါ့ အသည်းထဲ က တစ်မြေ့မြေ့ နဲ့ နာကြည်း မုန်းတီးနေတယ်
@ Annonymous

No comments:
Post a Comment