Friday, April 18, 2014

သူသိပါစေ

ကောင်လေးရေ.......
ရင်ထဲမှာမျိုသိပ်တိတ်တဆိတ်ချစ်ရတဲ့ ဝေဒနာတွေကိုနင့်ကိုငါပြောပြချင်လိုက်တာ
 ဒါပေမဲ့.............တကယ်တမ်းကျတော့
 ဒီဝေဒနာကိုနင်မမြင်နိုင်အောင် ဖုံးကွယ်ခဲ့ရတာ
 ငါ့အတွက် ပင်ပမ်းလှပါတယ်ဟာ
 တည်ကြည်ရိုးသားပြီးချစ်ဖို့ ကောင်းတဲ့နင့်ကို
ငါအရမ်းသ၀န်တိုမိတယ်
ငါ့ထက်ပိုခင်၇မဲ့သူ တွေ့သွားမှာစိုးတဲ့အတ္တစိတ်လေးနဲ့ပေါ့
 သံယောဇဉ်ဆိုတာ တဖြည်းဖြည်းချည်နှောင်တတ်တာ သဘာဝမို့ 
နင့်ကိုသံယောဇဉ် တဖြည်းဖြည်းများလာတာ မဆန်းပါဘူးနော်
 နင်နဲ့ငါနဲ့ကြားမှာ ပေါင်စပ်လို့မရတဲ့ စည်းတစ်ခုရှိနေတာ
 သိသိချင်းပဲငါအရမ်းခံစားခဲ့ရတာပါ
 နင့်မှာအရမ်းချစ်ရတဲ့ကောင်မလေးရှိနေတယ်ဆိုတာ သိရက်နဲ့ 
ငါရင်ထဲကငိုကြွေးခဲ့ရတဲ့ မျက်ရည်တွေကို နင်မမြင်နိုင်ခဲ့ဘူးနော်
 ရင်ထဲကငါ့အချစ်တွေကို နင်မမြင်နိုင်အောင်
ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ဖုံးကွယ်ခဲ့ရတယ်ဟာ
 နင်ချစ်တဲ့သူကနင့်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းတရားနဲ့နားလည်ပေးနိုင်မဲ့
 ပါရမီဖြည့်ဘက်တစ်ယောက် ဖြစ်ပါစေလို့
ငါဆုတောင်းပေးနေပါတယ်
စည်းတစ်ကြောင်းရဲ့ကန့်သတ်ချက်အောက်မှာ
 ငါ့နှလုံးသားကနာလန်ထူမရအောင် ပြိုလဲခဲ့ရပြီ
 နင့်ဘေးနားမှာ စစ်မှန်တဲ့ အဖြူရောင်သူငယ်ချင်းအဖြစ် အမြဲရပ်တည်ပေးခွင့်ရရုံနဲ့ 
 ကျေနပ်နေမယ်ဆိုတာကငါ့ရဲ့နောက်ဆုံးရင်ဖွင့်စာတမ်းလေးပါပဲ
 ကောင်လေးရေ........နင်ပျော်နေပါစေ
@ Annonymous  

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...