Sunday, April 13, 2014

*** ဆိုဖီယာ***

(( ဒီဝထ္ထုတိုလေး နဲ့  ပါတ်သက်ပြီး ကျွန်တော်မှာ ပြောစရာ စကားအနည်းငယ် ရှိပါတယ်.
တကယ်တော့ ဒီဝထ္ထုဟာ ဆရာကြီး ဦးမြကြိုင် ကျောင်းမှာ တက်ခဲ့စဉ်က
COC စာမူဖိတ်ခေါ် ပြိုင်ပွဲ အတွက် သီးသန့် ရေး ဖြစ် ခဲ့တာပါ.
အကြောင်းအမျိုးမျိုးကြောင့် ပထမ ဆုနဲ့ လွဲခဲ့ရသော ကျွန်တော်ရဲ့ ကနဦး ရေးဖူးတဲ့ စူမူ တစ်ပုဒ်ပါ
လိုအပ်ချက်တွေများစွာ ရှိနေမယ်ဆိုတာ သေချာပါတယ် ဘာပဲဖြစ်ဖြစ် ငယ်လက်ရာလေးမို့  နှစ်သက်စွာ ပြန်တင်ဖြစ်ပါတယ်. )))

*** ဆိုဖီယာ***

__________________

( 1 )

ဝင်လုဆဲနေရောင်မှာ တိမ်တောင်တွေလွင့်မျောပြိုကွဲသွားပြန်ပါပြီဆိုဖီယာ……
ဘာရယ်မဟုတ် ခပ်တွေတွေ ခပ်ငေးငေးလေး မျှော်ကြည့်မိရင်းက ရင်ထဲမှာ ဆို့ ကျင်မွန်းကြပ်လာတယ်.
မင်းသိရဲ့လားဆိုဖီယာ..
လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်ရသလို အဲဒီမျှော်လင့်ချက်တွေကြောင့်ပဲပြန် သေရတက်တယ်ဆိုတာလေ။

အရင်က .
ဟိုး ..အရင်တုန်းက နှုတ်ခမ်းဆေးမဆိုးတဲ့အပြုံးညိုညိုလေးတစ်ပွင့်ကိုပိုင်ဆိုင်ဖို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ငါဟာ အသက်ရှင်ခဲ့ရဘူးသလို
ခု အဲဒီမျှော်လင့်ချက်ကပြန်သတ်သတ်နေလို့  ငါ့ နှလုံးသားဟာ စက္ကန့်တိုင်းမှာ အကြိမ်ကြမ်သေဆုံးနေရတယ်.
ဒီလိုပါပဲလေ.. လူတိုင်းမှာတော့ အိပ်မက်တွေ ပန်းလိုအလှပဆုံးဝေတဲ့ နေ့တွေရှိသလို ကြောက်မက်ဖွယ် အစိမ်းလိုက် ပဲ့ကြွေတဲ့ နေ့ဆိုတာလည်းရှိတက်စမြဲပါပဲ။

ဒါပေမယ့် အဲဒီလို အိပ်မက်တွေ ရုတ်ရုတ်သည်းသည်း အစိမ်းလိုက်ပဲ့ကြွေတဲ့နေ့က ငါ့ဆီကို ခါတိုင်းတွေထက်စောရောက်လာတယ်လို့ဝမ်းနည်းစိတ်ပျက်စွာ တွေးထင်မိပါရဲ့ဆိုဖီယာ.။
သိပ်မကြာလှသေးတဲ့ရက်စွဲတွေတုန်းကပေါ့ English စာလေးဘာလေးသင်ဦးမယ်ဆိုပြီး
မန္တလေးကနေ ရန်ကုန်ကိုဆင်းလာခဲ့တဲ့
လက်ကျန်နှင်းတွေ ကွက်တိကွက်ကြာဝေတဲ့ 2009 ခုနှစ်ရဲ့နှောင်းပိုင်းကာလလေးတစ်ခုမှာပေါ့ ။
ယောင်ယောင်နနနဲ့ ငါဟောဒီ
အောင်မြေသာစည်လမ်းထဲကို ငါ တစ်ယောက်တည်း ရာက်လာခဲ့ဘူးတယ်။

မင်းနဲ့ပါတ်သက်သမျှအရာအားလုံးကို ငါ အစအဆုံးမှတ်မိနေသေးပါတယ်ကောင်မလေးရယ်.။
မင်းငါ့ကို Pictures conversation တွေလာရှင်းပြဘူးတယ်။ ကြာသာပတေးနေ့တွေမှာလည်း မင်း ငါ့ကို Stories တွေလာရွတ်ပြဘူးတယ်။ (အဲဒီကတည်းကမင်းဟာပုံပြောကောင်းလွန်းတဲ့ကောင်မလေးတစ်ယောက်ဆိုတာ ငါသိခဲ့ဖို့ကောင်းခဲ့တာပါ)
ဆောင်းသံလို ချိုတဲ့မင်းရဲ့ လေယူလေသိမ်း အဖိအဖော့ အဖြတ်အတောက် အစွဲအငင် အတင် အချ အရစ်အသမ် တွေမှာ
မင်းမသိနိုင်စွာ ငါ့ ရင်ခုန်သံတွေ ပူနွေး ဆူဝေခဲ့ဘူးတယ်။
အပေါ်သွားကို အောက်နုတ်ခမ်းပါး လေး ဖိလိုက်တဲ့ဟန်တွေမှာ ငါ့အသက်ရူသံတွေ ကျပျောက်ခဲ့ဘူးတယ်။

မင်းရဲ့အပြုအမူ အထိအကိုင် အထိုင်အထ အစစအရာရာကို အများတကာတွေရဲ့ကြားကနေ မမြင်သာတိက်တခိုးအကြည့်နဲ့ ရင်ဖိုမိခဲ့တာဟာလည်းအကြိမ်ပေါင်းများစွာပါပဲ။
အဲဒီအချိန်မှာ ငါဟာအားငယ်မိတာလား. အားကျမိတာလား
ဒါမှမဟုတ် မင်းနဲ့ ငါ နှိုင်းယှဉ်မိပြီး ကိုယ့်ကိုယ်ကို အားလျော့သိမ်ငယ်မိတာလား။ ဘာဆိုဘာမှ မသဲကွဲခင်မှာပဲ
ရင်မှာ လှုပ်ခက်မူဖြစ်နေရပြီဆိုတာကို ကိုယ့်ဘာသာကိုယ် သတိ စထားမိခဲ့တယ်။
နှလုံးသားမှာထင်ကျန်ခဲ့တဲ့ အပြုံးစစ်စစ်တွေက ဒဏ်ရာတစ်ခုလို နစ်ကျန်ရစ်ခဲ့တာကတော့ ကုစားဖျောက်ဖျက်ရ ခက်လွန်းလှချည်ရဲ့.။
ငါ့ ..ရင်ထဲ ဘယ်သို့ရှိနေရှာမယ်လို့ မင်း တွေးမှတွေးမိရဲ့လား ကောင်မလေးရယ်။

(2)

ရွှေတိဂုံ ရာဟုထောင့်မှာ လူတွေ ခါတိုင်း ညနေတွေထက် ကျဲပြန့် များပြားနေရဲ့။ ဓမ္မာရုံ တန်းဆောင်းတစ်ခုဆီမှ ၀တ်ရွတ်သံက ညီညာနာပျော်ဖွယ်လွင့်ပျံလာသည်။
စဥ့်ကူးခေါင်းလောင်းကြီးနားမှာလည်း နိုင်ငံခြားသားတစ်စုနဲ့ Guide မလေးတစ်ယောက်ဟာ ရယ်လို့မောလို့ စကားတွေပြောလို့ပေါ့.။
ခဏကြာတော့ ဓမ္မဇောတိတရားရိပ်သာမှာ လုပ်အားပေးပြီးမှ ဘုရားကိုလာတဲ့သင်တန်းကကောင်မလေးတွေအုပ် စုက COC အဖွဲ့ တွေထပ်နည်းနည်းလေး စောရောက်လာကြတယ်။

ဘယ်သင်တန်းကျောင်းကမှန်းမသိရတဲ့ ဒါပေမယ့်မျက်နှာချင်းတွေတန်းမိနေကြတဲ့ ကျောင်းသားအုပ်စုတစ်စုလည်း
ဗုဒ္ဓဂါယာဓာတ်ပုံကြီးနားမှာ Foreigner တစ်ယောက်နဲ့စကားတွေဖောင်လာ ဝေစည်နေကြတယ်။
စေတီ ဆလိုက်မီး မထွန်းခင် သောင်္ကြာ တံမျက်စည်းလှည်းတဲ့အဖွဲ့ အုပ်စုလိုက် ဖြတ်သွားတာကိုလည်း မကြည့်ဘဲမြင်လိုက်ရပြန်ပါတယ် ။
ရွှေတိဂုံ ကုန်းတော်ပေါ်ကသောင်္ကြာနေ့ ညနေခင်းများစွာထဲမှာ ကြေကွဲစရာ အမှတ်တရ အပိုင်းစတွေကြဲပြန့် နေလေရဲ့။
ညနေစောင်းလာတာနဲ့အမျှ စေတီရင်ပြင်တော်ပေါ်မှာ ဘုရားဖူးလာသူတွေ များများလာတယ်။

ဒီကနေ့ကျကာမှပဲ ခေါင်းလောင်းထိုးသံတွေကိုကြားရတာ နာကျင်ဖွယ်ကောင်းလိုက်တာ။
ခုလို သာမန်ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ ကြည်မွေ့ ဖွယ်ကောင်းတဲ့ ညနေချိုတွေမှာဆိုရင် ဆိုဖီယာတစ်ယောက် ဘာတွေများလုပ်နေရှာမလဲ?
DaleCarnegie ရဲ့ How to win friends and influence people စာအုပ်ကိုပြန်ဖက်နေမလား.
ဒိုင်ယာရီရေးနေမလား. ကျောင်းမဂ္ဂဇင်းစာအုပ်ထဲမှာပါလာတဲ့ ငါ့ကဗျာလေးတွေကိုပဲဖက်ပြီး အရင်တုန်း ကရက်စွဲေ ဟာင်းတွေအကြောင်းကိုပဲပြန်တွေးနေမလား ။
စလင်းဒီယွန်း ရဲ့  သီချင်းအေးအေးလေးတွေကိုပဲနားထောင်နေမလား။ ဘရက်ပစ်ကားပဲကြည့်နေမလား
အိပ်ယာထဲမှာပဲခေါင်းမူးလို့လှဲအိပ်နေရှာရော့မလား ။ COC အကြောင်းတွေများတိုက်တိုက်ဆိုင်ဆိုင်မင်းပြန်စဉ်း စားနေမလား။
သိချင်လိုက်တာဆိုဖီယာ
ငါ သိချင်လိုက်တာကောင်မလေးရယ် မင်းဘာများလုပ်နေရှာမလဲလို့။
စေတီရင်ပြင်တော် အနှံ့ တံမျက်စီးလှည်းပြီး ပစ္စည်းတွေပြန်အပ်။ လွယ်အိပ်တွေပြန်ယူကြ။
နာမည်အော်ခေါ် ပြီး လူစစ်ကြ ။ ပုံမှန်ဖြစ်စဉ်မှာ ခါတိုင်းတွေနဲ့မတူစွာ နစ်မျော ဝေ့လွင့် ရင်နင့် နေသူဟာ
ငါ တစ်ယောက်သာဖြစ်မယ်ဆိုတာ သေချာလွန်းမကသေချာပါတယ် ဆိုဖီယာ။

ကိုနီ တို့က သာကေတကို ပြန်ရမှာမို့ မြောက်ဘက်မုခ် သွေးဆေးကန်ကနေေ မြေနီကုန်းအထိစကားတွေအော်ဟစ် လုပြောရင်း လမ်းလျှောက်ဖြစ်ကြတယ်။
စလိုက် နောက်လိုက် ထုလိုက် ပုတ်လိုက် နာမည်ပြောင်တွေအော်ခေါ်ကြ။ ပြေးလိုက်ကြ လွှားလိုက်ကြ
လရောင်ရယ် လျှပ်စစ်မီးရောင်ရယ် အချိုးစားညီညီဖြာကျနေတဲ့လမ်းမကြီးအထက်မှာ
ငါ့ နှလုံးသားဟာ အတိက်ကို ငတ်မွတ် ကွဲအက်လာတယ်။
ကိုနီတို့အဖွဲ့ ကို ၄၈ မီနီဘစ်ကားပေါ်တင်ပေးပြီတော့ မိငြိမ်း တို့ မြရတနာ တို့နဲ့အတူ အဲဒီ မြေနီကုန်း ကားဂိတ်နောက်ကစာအုပ်ဆိုင်ကိုဝင်ဖြစ်ကြတယ်။
ပြီးတော့ ICE BERRY ကိုခဏရောက်ဖြစ်ကြပြန်တယ် ။

အရင်တုန်းက မင်းနဲ့စထိုင်ဖူးတဲ့ ထောင့်ကျကျခုံလေးမှာတော့မထိုင် ဖြစ်တော့ဘူးပေါ့။
ဒီကနေ့ကျကာမှ ထူးထူးခြားခြား မြရတနာကစလင်းဒီယွန်းရဲ့ Becouse of you love me သီချင်းစာသားတွေ အကြောင်းကို
သူခံစားလို့ရတဲ့အတိုင်း ဝေေ၀စည်စည်ရှင်းပြေနေရဲ့.
အေးစက်မာကြောတဲ့ သူမျက်လုံးတွေဟာလည်းခါတိုင်တွေထက်အသက်ဝင်တောက်ပလို့ပေါ့။

You were my strength when I was weak
You awer my voice when I couldn’t speak
You were my eyes when I coundn’t see
You saw the best there is in me , lift me up when I coundn’t reach
You gave me faith cause you believe
I am everything I am because you love me တဲ့
အရာရာတိုင်း ဟာတိုက်ဆိုင်လွန်းလှတယ်ဆိုဖီယာရယ်။
I am everything I am because you love me တဲ့

ဘယ်တော့ပဲဖြစ်ဖြစ် ဘာအကြောင်းရာပဲဖြစ်ဖြစ် အဖွဲ့ထဲ မှာတော့ဒိုင်ခံပြောတက်တဲ့သူဟာငါပါပဲ
မရင်းနှီးကျတဲ့လူတွေကတော့ ငါ့ကိုစကားများလွန်းတဲ့ကောင်လို့  ထင်ရင်လည်းထင်ကြလိမယ့်မယ်ပေါ့
ဒါပေမယ့် ဒီည ICE BERRY ထဲမှာတော့ ငါဟာ ဘာစကားတစ်ခွန်းမှ ကိုဝင်မပြောဖြစ်ဘူး
င့ါ နှုတ်ခမ်းတွေဟာ အလွမ်း များစွာ နဲ့  ဆွံ့ အနေရဲ့ ဆိုဖီယာရယ်.

( 3 )

တစ်ယောက်တည်းရှိနေချိန်တွေမှာ ရက်စွဲဟောင်းတွေကိုပြန်ပြန်တွေးမိရင်းက မင်းအတွက်ငါရေးခဲ့ဘူးတဲ့
ဒါပေမယ့် မင်းကို ခုထက်ထိ ရွတ်မပြဘူးခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုပဲခဏ ခဏ ပြန်ပြန် ထုပ်ကြည့်နေမိတယ်။
ပြီးခဲ့တဲ့လက ထုပ်တဲ့ တို့ ကျောင်းမဂ္ဂဇင်းမှာ အဲဒီကဗျာပါလာတယ် .
ဘယ်တော့မှ လွင့်မျောပြိုကွဲမသွားမယ့် မိုးတိမ်လေးလို မင်းကိုငါချစ်ခဲ့ရတာမို့ အဲဒီကဗျာလေးကိုလည်း
ငါလေ …လွင့်မျောမသွားတဲ့မိုးတိမ်းလို့ နာမည်ပေးထားခဲ့လေ။

ဆိုဖီယာ …….
ကဗျာတစ်ပုဒ်လိုချစ်စရာကောင်းတဲ့ဆိုဖီယာ.
နှင်းဆီဖူးနုတ်ခမ်းလေးနဲ့ ငါ့ကိုလွမ်းအောင်ဖမ်းစားနိင်လွန်းတဲ့ဆိုဖီယာ။
ချစ်တယ်ဆိုတဲ့စကားလုံးများစွာထက်ငါ ပိုချစ်ခဲ့ရတဲ့ဆိုဖီယာ။
ပန်းလေးတစ်ပွင့်လို.
မနက်ခင်းရဲ့အလင်းရောင်လို.
တိမ်လို
လေလို
မြစ်တစ်စင်းလို
ပုံစံ အမျိုးမျိုးနဲ့ ငါ ချစ်မြတ် လွမ်းဆွတ် ခဲ့ရတဲ့ဆိုဖီယာ
ခုလို ညမျိုးတွေမှာ ငါ မင်းကို သိပ်သိပ် သတိရမိတာပဲ ဆိုဖီယာ ရယ် ။

ဂုဏ်တွေ ငွေတွေ ပကာသနတွေ.
စိန်တွေ ရွှေတွေ. နောက်ဆုံးပေါ်အသုံးဆောင်တွေ .
လေ့ကျင့်အပြုံးတုတွေ နုတ်ခမ်းပေါ်အကျနပစ်တင်ထားတဲ့လူ့ယဉ်ကျေးတို့ရဲ့အသိုင်းဝိုင်းမှာ ခုချိန်မှာတော့ မင်း ပျော်ရင်လည်း ပျော်နေဦးမှာပေါ့.။
မင်းကြောင့်ငါ Pictures conversation တွေပြောတက်ခဲ့တယ်ဆိုတာ.
မင်းကြောင့်ပဲ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရဲ့ စာအုပ်တွေကောက်ကိုင်ရဲခဲ့တယ်ဆိုတာ.
မင်းကြောင်းပဲ ငါ Reading class ကိုလိုက်နိုင်ခဲ့တယ်ဆိုတာတွေ။
မင်းကြောင့် ငါ ကျောင်းစာကြည့်တိုက်ထဲကိုရောက်ခဲ့တယ်ဆိုတာ။
မင်းကြောင့်ပဲ ငါ သောင်္ကြာနေ့တွေမှာ ဘုရားတက်ဖြစ်ခဲ့တယ်ဆိုတာ။
မင်းကြောင့်ပဲ ငါ သောင်္ကြာဝေယျာဝေစ္စအသင်းဝင်ဖြစ်ခဲ့တယ်ဆိုတာ.
မင်းကြောင့်ပဲ COC ရဲ့ စတေ့စ်ခ်စင် ပေါ် ရောက်ခဲ့တယ်ဆိုတာတွေလည်း မင်း မေ့များနေပြီလား ကောင်မလေးရယ်။
ပြောပါဦးကွယ့်  မင်းမေ့များနေပြီလား။

ခုလိုသောင်္ကြာနေ့တွေမှာဆိုရင် ငါတစ်ယောက်တည်း ရာဟုထောင့်မှာ ရှိနေတုန်းပဲဆိုတာကိုတော့ မင်း ကိုငါ မသိစေချင်တော့ပါဘူးကောင်မလေးရယ်။
ဆောင်းသံလိုချိုတဲ့မင်းရယ်သံတွေ။
လီယိုနာဒိုဒါဗင်ဂျီ ရဲ့ မိုနာလီဇာ အပြုံးထက်လှတဲ့ နှင်းဆီဖူး နင့်နုတ်ခမ်း ညိုညိုလေးရယ်
ယဲ့ယဲ့လေးပြုံးလိုက်တယ်ဆိုရင်ပဲ…. ဖျက်ကနဲ လင်းလဲ့ တောက်ပ သွားတက်တဲ့ ဖြူဖြူဖွေးဖွေး စပယ်ဖူးသွားတက်ချွန်ချွန်လေးတွေ.
ငါ လေ…အဲဒါတွေအားလုံး ကို ကဗျာတစ်ပုဒ်ထဲမှာ စုရုံးသိမ်းထားတယ်သိလား။

( 4 )

COC ပညာဒါနာနဲ့ မုန်တိုင်းသင့်ဒေသဘက် ကိုစာသင်ဖို့ အလုပ်သင် ဆရာအဖြစ်နဲ့ လိုက်သွားခဲ့ရာက အပြန်
ငါကမ္ဘာ ဟာ ဘာဆိုဘာမှမရှိတဲ့ ကျောက်ခေတ်ကိုပြန်ရောက်သွားရသလိုပဲ။
ပို့စကဒ်လှလှလေးတွေမရှိ။
ချောကလက်မရှိ။
ကောက်ကောက်ကွေးကွေးပဲပင်ပေါက်လို့ ငါ ချစ်စနိုး နဲ့ အမည်ပေးဘူးတဲ့လက်ရေးနဲ့ ရေးထားတဲ့ စာတို ပေးစလေးတွေမရှိ ။
ဖုံးခေါ်သံမရှိ ။
အတန်းပုံမှန်တက်ဖို့ ။ ညဥ့်နက်အောင်စာမကြည့်ဘို့ ။ ဘောကန်သွားရင် ရန်ဖြစ်ပြီးပြန်မလာဘို့။
ဆံပင်ညှပ်ဘို့ ။ အရက်မသောက်ဘို့ ။ အဆောင်မှာ ဖဲမရိုက်ဘို့။ မိုးရွာထဲထွက်ရင်ထီးဆောင်းဘို့။
အရှည်ကြီး တို့အဖွဲနဲ့လ္ဘက်ရည်းဆိုင်ကို ညဥ့်နက်အောင်ထိုင်ထိုင်ပြီး လေမကန်ဘို့ လက်တို့ သတိပေးသံမရှိ။
မနက်လင်းလို့ သင်တန်းရောက်ရင် ဆိုဖီယာ နဲ့တွေးရဦးမယ်ဆိုတဲ့အတွေးနဲ့
ရေလေး ဘာလေးသောက်ပြီး အိပ်ယာပြန်ဝင်ခဲ့ရတဲ့ အိပ်မက်ထစ်ပိုင်းကျြိး တစ်ရေးနိုးညများမရှိ။
ဟုတ်တယ်ဆိုဖီယာ။
ကျောင်းကို မင်းရောက်မလာတော့တာဟာ
ဆိုဖီယာ ဆိုတဲ့ကောင်မလေးတစ်ယောက် ကျောင်းတော်ကို ရောက်မလတော့တာဟာ
သာမန် လူတွေအတွက်တော့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်နိုင်ပေမယ့်
ငါ့အတွက်တော့ ဘ၀ကြီးတစ်ခုလုံးအတွက် ဗလာကျင်းသွားရသလိုပဲ.
ရင်ဘက်ဟာလည်း မီးတောက် ကွဲအက်လာသလို ပူလောင်းလွန်းပါရဲ့ ။

ကိုယ့်ကောင်းကြောင်း သူများမကောင်း ကြောင်းပြောရမှ စားဝင်အိပ်ပျော်တဲ့
ပါတ်ဝန်းကျင်နယ်ပါယ်သစ် တစ်ခုမှာ ငါလည်း မကြာ ခဏ ဆိုသလို မင်း ရဲ့ မကောင်းသတင်းတွေကို ကြားကြားနေရတာပါပဲဆိုဖီယာ။
ငါ့ ကွယ်ရာမှာလည်း သူတို့ ငါ့ မကောင်းကြောင်းတွေ မင်းကို လာပြီးြေ ပာချင်လည်းပြောနေကြဦမှာပေါ့။
ဘယ်တုန်းကမှ ဘယ်သူ့ ဆီမှာမှ ငါမတွေ့ခဲ့ဘူးတဲ့ ငါ့အပေါ်နား လည်မူတွေကို.. မင်းမျက်ဝန်းထဲမှာငါ ရှာဖွေတွေ့ရှိခဲ့ဘူးတယ်ဆိုဖီယာ။
မိုမိလို့ ဖျားတုန်းက ငါ့ နဖူးပေါ်ကိုဖိအုပ်လိုက်ဖူးတဲ့မင်း လက်ဖယောင်း သွယ်သွယ်လေးတွေကို ခုချိန်မျိုးမှာ ငါအရမ်းလွမ်းမိတယ်။

ကဲ ကဲ နနေစမ်းပါဦး ဆရာကြီးရဲ့
သောင်္ကြာနေ့က ကားဂိတ်မှာ ရပ်ပြီး စကားပြောနေတဲ့ မျက်လုံးပြူးပြူးနဲ့တစ်ယောက် နဲ့ ကဘာလည်းဆိုတဲ့
မနာလိုဝန်တို (ငါ ခုထက်ထိသတိရနေမိသေးတဲ့) နင့်နုတ်ခမ်းညိုညိုတွေ..
အရာအားလုံး ငါဟာ တစ်ဘ၀စာလုံးဆုံးရူံးခဲ့ပြီပဲ။
ဘ၀ကြီး တစ်ခုလုံးအတွက် ရွည်ရွယ်တွက်ဆ ပြီး မက်ခဲ့တဲ့အိပ်မက်တွေပုံပျက်ပန်းပျက်ကျကွဲသွားတဲ့လူတစ်ယောက်အတွက်
မျှော်လင့်ချက်ဆိုတာတွေ။ အနာဂါတ်ဆိုတာတွေ။ မနက်ဖျန်ဆိုတာတွေဟာ ဘယ် လိုအဓိပ္ပါယ် ရှိနိုင်တော့မှာလည်း ။
ဘယ်တုန်းကမှ ဘယ်သူကိုမှ မချစ်ဘူးသေးတဲ့ ရင်ခုန်သံစစ်စစ်တွေနဲ့ ပုံအောချစ်ခဲ့မိတဲ့ နောက်မှာ
ပြုံး ဖို့ ရယ်ဖို့ဆိုတာ ဟာလည်း မျက်ဖျားနှင်းစက်လို အခိုက်တန့်ပဲခံမယ်ထင်ပါရဲ့။

ဘယ်လို အားပေးနှစ်သိမ့် စကားလုံးမျိုးနဲ့မှ ကိုယ့်ကိုယ်ကို လှည့်စား ချော့မြူလို့မရအောင်ကိုပါပဲ ဆိုဖီယာရယ်။
မင်းဟာ တကယ်ပဲငြို့ငင်ဖမ်းစားနိုင်လွန်းလှတယ်။ ဒုတိယမြောက်ရင်ခုန်သံဆိုတာငါရင်ထဲဘယ်တော့မှဖြစ်တည်
မလာနိုင်အောင်ကို မင်းဖမ်းစားနိုင်ခဲ့တယ်။ မင်းရဲ့ စူးရှ တဲ့မင်းမျက်ဝန်းတောက်တောက်တွေမှာငါ့ရဲ့
ချစ်မြတ်လွမ်းခြင်းဆိုတာတွေဟာ တစ်ဘ၀စာလုံးသေဆုံခဲ့ပါတယ် ဆိုဖီယာ ။ ငါခုထက်ထိတိုင်မင်းကိုလွမ်းနေမိ
တုန်းပဲဆိုတာ မင်းမသိပါစေနဲ့လို့ဘာကြောင့်များငါဆုတောင်းနေမိတာပါလိမ့် ကောင်မလေးရယ် ။

ပေးနှစ်ဆယ် အခန်းလေးကို အလယ်ခေါင် တည့်တည့်က နှစ်ခြမ်းခွဲပြီး
မိတ္တူ စာရေး ကိရိယာဆိုလေးနဲ့တွဲ ဖွင့်ထားတဲ့
အောင်စည်သာ ကော်ဖီဆိုင်လေးကို အစီစဉ် မရှိပါဘဲနဲ့ တစ်ခေါက်ထပ်ရောက်ပြန်ပါပြီ ။

ဆင်ရေတွင်းမှတ်တိုင်မှာ ဘစ်ကားကြီးတွေ ထိုး ထိုးရပ်လိုက်တိုင်း ကျစ်ဆာမီးနှစ်ခွလေးတွေးဆင်းလာကြတယ်။
ရွှေအိုရောင်ဆံနွယ်လေးတွေဆင်းလာကြတယ်။
စကပ်တိုတိုလေးတွေဆင်လာကြတယ်။
ဒေါဖိနယ်ချွန်ချွန်တွေ။
မျက်ဝန်းတောက်တောက်တွေ။
မျက်ခုံသွယ်သွယ်တွေ။ မိက်ကပ်ရောင်စုံတွေ ပါးကွက်ကြားဝါ၀ါတွေ။
ပါတိက် ၀မ်း စပ်တွေ။
အဖြူအစိမ်း နဲ့  ကြိမ် ဆွဲခြင်းလေးတွေ။ ဗမာခြည်လုံခြည်လေးတွေ ။
အနောက်တိုင်းဘောင်ဘီးလေးတွေ ။ ဂါဝန်လေးတွေ စုံလို့  စုံလို့ ဆင်းဆင်းလာကြတယ်။
ရယ်လို့ မောလို့ စကားတွေ တွက်တီ တွက်တီ ပြောလို့  ငါ ထိုင်နေတဲ့ လမ်းထောင့်ချိုးလေးက ကော်ဖီဆိုင်ကို ဖြတ်ဖြတ်သွားကြတယ်။

(5)

တစ်စတစ်စနဲ့ မှောင်ရိပ်တွေကမ္ဘာမြေပေါ် ပြိုကျလာနေပြီ ဆိုဖီယာရယ်။
ချထားတဲ့ကျစ်ဆံမီးနှစ်ခွမှာ တစ်ပွင့်ပန်းလေးပန်လို့။
မွှေးပွပိုက်ဆံအိက်သေးသေးလေးကိုဖွဖွလေးဆုပ်ကိုင်လို့။
မာစလိုက် နီညို ပုပ် ၀မ်းစပ် လေးနဲ့  ခြေညှပ်ဖိနပ်အဖြူပါးပါးလေးစီးလို့
ဆင်မယဉ်သာ ဖြတ်လျှောက်သွားတဲ့ ညိုညို သွယ်သွယ်ကောင် မလေးဟာ မင်းမဟုတ် မှန်း နှလုံးသားကအလိုလိုသိနေပေမယ့်
ဟုတ်များနေမလားဆိုတဲ့ မျှော်လင့်ချက် ငွေ့ငွေ့လေးနဲ့ ကာလ တစ်ခုကြာတဲ့ အထိ ငါ ငေးကြည့်နေမိတယ် ဆိုဖီယာ။

ခုလို တိမ်တောင်နောက်ခံနဲ့ ကဝေ ဆန်အောင်လှပတဲ့ ညနေချို တွေမှာ..
ငါ လေ သတိရတယ်ဆိုတာထက် ပို သတိရတယ်။
လွမ်းတယ်ဆိုတာထက်လည်းပိုလွမ်းတယ်။
တမ်းတ တယ်ဆိုတာထက်လည်းအများကြီးပိုပါတယ်။
အရင်တုန်းကစတေစ်ခ်စင်ပေါ်မှာ
COC ရဲ့ သောင်္ကြာနေ့ စတေစ်ခ်စင်ပေါ်မှာ ဆိုဖီယာ ပြောတာ ဆိုတာ မေးတာ ဖြေတာ လေးတွေကို
ပူနွေးတဲ့ရင်ခုန်သံနဲ့  နောက်ဆုံး ခုံ တန်းလေးပေါ်ကနေ ငေးကြည့်ခဲ့ရဘူးတဲ့ပုံစံမျိုးနဲ့တော့ကွာခြားခဲ့ ပြီပေါ့။
( ဘယ်တွေကိုမင်းရောက်နေမလဲ။ ဘယ်သူတွေနဲ့မင်းရှိနေမလဲ။ ဘာတွေကိုမင်းလုပ်နေမလဲ။
စဉ်စားရင်းနဲ့ လွမ်းမောရင်းနဲ့ တစ်ခါတလေမှာသတိရပါတယ် )

လေးဖြူရဲ့ အလွမ်တွေ စွန်းထင်းပေကျံနေတဲ့သီချင်းသံက လွင့်ပျံလာတယ်။
ဘယ်ဝိုင်းက ဘယ်သူ မှာလိုက်မှန်းမသိပေမယ့်
ကပူချီနို ၀မ်းလို့
အဖျော်ကောင်တာကိုကို လှမ်းအော်လိုက်တဲ့ စားပွဲထိုး ကောင်လေးရဲ့ အသံကိုလည်း သီချင်သံနဲ့ရောထွေစွာ ကြားဖြစ်အောင် ကိုငါ ကြားလိုက်သေးတယ်။
ကပချီနိုဝမ်း တဲ့
ကော်ဖီသောက်ရင် ရင်တုန်လို့လေ
ကော်ဖီ ခက်ပျော့ပျော့လေးတွေသောက်ရင်းကနေ နောက်တော့ ကပချီနို ပဲစွဲသောက်ဖြစ်သွားတာ တဲ့
အရင်တုန်းက ဟောဒီဆိုင်ထဲမှာ မင်းကိုယ်တိုင် ပြောပြခဲ့ဘူးတဲ့ စကားလုံး အပိုင်းအစလေးတွေ…
နှု တ်ခမ်း အတွင်းသား ကိုဖိကိုက်ပြီး ယောင်္ကျား ဆိုတဲ့မာန နဲ့ မျက်ရည်မကျအောင်ထိမ်နေရင်းက
အပူငွေ့ တွေ မျက်ခမ်းစပ်ကိုဝေ့တက်လာတယ်
ငါ့ ရင်ထဲ ဘယ်သို့ ရှိနေရှာမယ်လို့ မင်းမသိနိုင်တော့ပြီပဲ ဆိုဖီယာ..ရယ်…။………။

COC ကိုဂုဏ်ပြုသောအားဖြင့်……..

ကန္တာရ
3.9.2010 —

--

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...