Saturday, September 14, 2013

ရောက်တက်ရာရာ



စိတ်ကူးအိမ်မက်တွေနဲ့

ပျော်မြူးနေတဲ့ အနာဂတ်လမ်းမှာ

အတိတ်ကသုံးစားမရတဲ့ အိမ်မက်အဟောင်းတွေ

ကပ်လိုက်မလာနဲ့ကွာ

ငါတကိုယ်တည်း ရွက်လွှင့်ချင်လို့

ဖြစ်နိုင်မယ်ဆိုရင်

လက်ရှိပစ္စုပ္ပန်မှာ

ငါ့စိတ်နဲ့ငါ့ကိုယ် ဟာမိုနီဖြစ်ရင်တော်ပြီ

အတိတ်တွေလဲနေခဲ့

အနာဂတ်တွေလဲ စောင့်မနေနဲ့

ဟာာာာာာာာာာာာာာာာာကွာ

ငါ့အရိပ်တောင်

ကပ်လိုက်မလာနဲ့ကွာ

ငါစိတ်နဲ့ငါ့ကိုယ်

ဟာမိုနီဖြစ်ရင်

တော်ပြီ။ ။

@Hninn Nu Phyoe

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...