Saturday, April 27, 2024
CV( Resume) တစ်စောင်အလန်းရေးရအောင်!
CVရေးခါနီးတိုင်း အခက်အခဲ ရှိနေပါသလား? သင့်ရဲ့ CVရေးသားပုံက သင်အလုပ် ရနိုင်ခြေပေါ် အများကြီး မူတည်နေပါတယ်။ တကယ်တော့ CVဆိုတာက သင့်ရဲ့အရည်အချင်းတွေကိုရောင်းချတဲ့ စာတစ်စောင်ပါ။ သင့်ရဲ့CVက တစ်နည်းအားဖြင့် သင့်ရဲ့ တန်ဖိုးကိုဖော်ပြနေပါတယ်။ ဒီတော့ ကိုယ့်တန်ဖိုးကိုဖော်ပြတဲ့ စာတစ်စောင် ကိုပစ်စလက် ခတ်ရေးလို့မရပါဘူး။ စနစ်တကျနဲ့ ရေးနိုင်မှာ ကိုယ့်တန်ဖိုးတက် မှာ ဖြစ်ပါတယ်။
အလုပ်ရှာတဲ့ သူတော်တော်များများ ကCVကောင်းကောင်း မရေးတတ် ကြတာကိုတွေ့ရလို့ဒီစာလေးရေးဖြစ်တာပါ။ မိတ္တူဆိုင်က CV တွေ၊ အင်တာနက်က downloadဆွဲပီးသားCVတွေ နဲ့ပဲတင်ကြတာ များပါတယ်။ တကယ်တော့ CVဆိုတာ ကိုယ့်ဘာသာကို ဖန်တီးရင် ပိုကောင်းပါတယ်။ CV တစ်စောင်ဖန်တီးဖို့ဆိုတာလဲ အရမ်းခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟင်းချက်သလိုပါပဲ ပါ၀င်တဲ့ပစ္စည်းလေးတွေ သိမယ်။ ဘယ်လိုရောစပ်ရမယ်ဆိုတာ သိရင် ဟင်းကောင်း တစ်ခွက်ရမှာပါ။ ဆိုင်က၀ယ်စားဖို့မလိုတော့ ဘူးပေါ့။ ဒါပေမဲ့ ဟင်းခွက်လေးရဲ့ တန်ဖိုးကတော့ ပါ၀င်တဲ့ ပစ္စည်းပေါ်မူတည်ပီး အရသာ ကတော့ကွာမှာပေါ့။ ကြက်သားဟင်းနဲ့ ငါးဟင်းလို ကွာခြားချင်ကွာခြားမှာပေါ့။ ဒါပေမဲ့ ငါးဟင်းဖြစ်နေလို့လဲ စိတ်မပူပါနဲ့။ ပိုင်ပိုင်နိုင်နိုင်လေး သာချက်လိုက်ပါ ငါးဟင်းကြိုက်တဲ့ သူတွေလောက ကြီးမှာ တပုံတခေါင်း ရှိပါတယ်။ကဲဒီတော့ ဟင်းကောင်းကောင်း ချက်နည်းလေးပြောပြမယ်။
ကဲထိပ်ဆုံးမှာနာမည်အရင်စရေးမယ်ဗျာ။ ပီးရင် အောက်မှာသင့်ကိုဆက်သွယ်ဖို့ လိပ်စာရေးမယ်။
ဥပမာ
Nay Toe
Building (4), Room (202), Aung Chan Thar(1) Street,KamaryutTsp,Yangon
Ph No. 01……………., 09……………….
Email……………………………….
ပီးရင်တော့ လျှောက်ထားတဲ့ ရာထူးကိုရေးပေးရပါ့မယ်။ မျှောမှန်းလစာကိုလဲဖြစ်နိုင်ရင်ရေးပေးပါ။ Negotiable လို့တော့မရေးပါနဲ့။။ ကိုယ့်တန်ဖိုးကိုကိုယ့်ဘာသာနှိမ့်ချရာကျပါတယ်။
Applied Position - Marketing Manager
Expected Salary - …………………….
ပီးရင်တော့ သင့်အကြောင်းလေးနည်းနည်းရေးပေါ့။အသေးစိတ်ကြီး ခန္ဓာကိုယ်အလေးချိန်တွေ အရပ်အမြင့်တွေလောက်တော့အသေးစိတ်ရေးဖို့မလိုပါဘူး။ အရေးကြီးတဲ့အချက်လေးတွေပဲရေးဖို့လိုပါတယ်။
Name
Father’s name
D.O.B
N.R.C No
Passport No
Religion
Race
Marital Status
စသဖြင့်ပေါ့။
ပီးရင်တော့ ပညာအရည်အချင်းပေါ့။ပညာအရည်အချင်းမှာကတော့ Academic Education နဲ့ Non-Academic Education ဆိုပီးနှစ်မျိုးဖော်ပြလို့ရပါတယ်။ Academic Education မှာတော့အစိုးရကျောင်းတက်ခဲ့တာတွေ၊တက္ကသိုလ်ကောလိပ်တက်ခဲ့တာတွေကိုဖော်ပြလို့ရပါတယ်။
Non-academic Education မှာတော့သင်တက်ထားတဲ့အင်္ဂလိပ်စာသင်တန်းလက်မှတ်တွေ၊ ကွန်ပျူတာသင်တန်းလက်မှတ်တွေ စသဖြင့်အကုန်ဖော်ပြလို့ရပါတယ်။
Academic Education
1998 to 2008 B.E.H.S (1) Sanchaung,Yangon
2009 to 2013 Government TechnologicaCollege,Yangon ( B.E Civil)
Non-Academic Education
Computer A+ certificate
British Council Upper Intermediate General English Course Certificate
စသဖြင့်ပေါ့။
ပီးရင်တော့ အတွေ့အကြံပေါ့ ဘယ်မှာဘာတွေလုပ်ဖူးတယ်ပေါ့။ အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီနာမည်တွေ ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အထိဘာရာထူးနဲ့လုပ်ခဲ့လဲဆိုတာတွေရေးလို့ရပါတယ်။အသစ်ဆိုရင်တော့မရေးလို့ရပါတယ်။
Experience
…………………………………………………
…………………………………………………
……………………………………………….....
ပီးရင်တော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေရေးလို့ရပါတယ်။ ကိုယ်တကယ်ကျွမ်းကျင်တဲ့ဟာဆိုအပီအပြင်သာရေးပစ်လိုက်ပါ။
Skills
English - Fluent
Spanish - Studying
Typing Speed - 40 AWPM or(quick or very quick or normal)
Hard-working
Decisive
Team-player
စသဖြင့်ပေါ့။
နိဂုံးချုပ်အနေနဲ့ အရေးကြီးတဲ့အချက်လေးတွေ ပြောပါမယ်။
-ဘယ်တော့မှ CV ကိုscanဖတ်ထားတာကြီးမပို့ပါနဲ့။ အွန်လိုင်းကိုပို့မယ်ဆိုရင် Microsoft word နဲ့ ဖြစ်ဖြစ် Excel နဲ့ရိုက်ထားတဲ့ fileကိုပို့ထားနိုင်ပါတယ်။ အပြင်မှာဆိုရင်လဲprintထုတ်ပီးပို့နိုင်ပါတယ်။
-လျှောက်ထားတဲ့ရာထူးပါအောင်ရေးပါ။ ဖြစ်နိုင်ရင် မျှော်မှန်းလစာပါထည့်ပါ။ကိုယ့်တတ်ထားတဲ့ အရည်အချင်းတွေနဲ့ ုလုပ်မဲ့အလုပ်အကိုင်ကိုလေ့လာပီး ပတ်၀န်းကျင်မှာမေးမြန်းပီး သင့်တော်တဲ့လစာကိုထည့်နိုင်ပါတယ်။
-ကိုယ့်ကိုဆက်သွယ်ရမဲ့ဖုန်းနံပါတ်တော့ရေးဖို့မမေ့ပါနဲ့။
-ရှင်းရှင်းလင်းလင်းရေးသားပါ။ Font Designအလန်းတွေနဲ့ မျက်စိရှုပ်အောင်မလုပ်ပါနဲ့။ Bold တွေ Italicတွေကိုလိုအပ်တဲ့နေရာမှာသာသုံးပါ။
-အရင်အလုပ်အတွေ့အကြုံအကြောင်းအသေးစိတ်ရေးပေးပါ။
-ပရဟိတအဖွဲ့တွေမှာVolunteerလုပ်ဖူးတယ်ဆိုရင်လဲထည့်ရေးလို့ရပါတယ်။
-ဓာတ်ပုံတစ်ပုံထည့်ပေးပါ။
-English လိုရေးပါ။ အရေးအသားမှန်ကန်ပါစေ။
-အထက်ပါအချက်အလက်များအတိုင်းပုံသေကားချပ်ရေးရမယ်လို့မဆိုလိုပါ။ အဓိကပါ၀င်သင့်တဲ့အချက်တွေကိုဥပမာအဖြစ်သာဖော်ပြချင်းဖြစ်ပါတယ်။ ကိုယ့်ဘာသာစိတ်ကြိုက် CVတစ်စောင်ဖန်တီးနိုင်ပါတယ်။
-Googleမှာလဲ CV formatတွေကိုရှာဖွေလို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုရေးတာကို ကျွန်တော်က ပိုအားပေးပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်မှာက CV formatတွေက အများကြီး။ အဲဒါတွေ အားလုံးကို ကြည့်ပီးခေါင်းရှုပ်သွားမှာ စိုးလို့ပါ။ ကိုယ့်ဘာသာ ကိုရှင်းရှင်းလင်းလင်းလေးနဲ့ အရေးကြီးတဲ့ အချက်တွေပါအောင်ရေးနိုင်ရင် ရပါပီ။ စရေးကတည်းက သင့်CVကိုဖတ်ပီးရင် သင့်ကို အင်တာဗျူးခေါ်ကိုခေါ်ရမယ် ဆိုတဲ့ ယုံကြည်ချက် ထားပီးရေးပါ။ အင်တာဗျူးခေါ်ရင်တော့ သင်အလုပ်ရဖို့တော်တော်လေး နီးစပ်သွားပါပီ။ အင်တာဗျူးမှာဆောင်ရန် ရှောင်ရန်လေးတွေ အတွက် ကျွန်တော်ရေးထားတဲ့ “အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေလားဆိုတဲ့?”ဆောင်းပါးမှာအသေးစိတ်ဖတ်နိုင်ပါတယ်။ ကဲ CV အလန်းရေးပီးအလုပ်အကိုင်အလန်းတွေရကြပါစေဗျာ။
မိုးရှင်း (I.M.T)
Subscribe to:
Post Comments (Atom)
Featured Post
နေ့များအကြောင်း
ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...
-
နည်းပညာကောလိပ် မှော်ဘီ Pyay Rd., Hle Ngote Chaung Village Track, မှော်ဘီမြို့နယ် Phone:01-620072,01-620454 သွားဆေးတက္ကသ...
-
ရန်ကုန်မှ (ရိုးမအရှေ့ လမ်းပိုင်း) ရန်ကုန် - ဒိုက်ဦး 86 မိုင် ရန်ကုန် - ညောင်လေးပင် 98 မ...
-
(၁)။သီလ=ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ပါတိမောက္ခသီလစသည်များ။ (၂)။ဣန္ဒြိယသံဝရ=မျက်စိ နား နှာခေါင်း...
No comments:
Post a Comment